A d v e r t i s e m e n t With Us

နေအိမ်များ​အကြား​ ဓာတ်ဆီဆိုင်ဖွင့်​လှစ်မှုကို ဝိုင်း​ဝန်း​ကန့်​ကွက်

မန္တ​လေး​မြို့​ ၂၆ ဘီလမ်း​၊​ ၉၀ နဲ့​ ၉၁ လမ်း​ကြား​၊​ ပွဲကုန်း​ရပ်မှာ လူ​နေအိမ်​တွေကြား​ ဓာတ်ဆီဆိုင်ဖွင့်​လှစ်မှာကို ဝိုင်း​ဝန်း​ကန့်​ကွက် ဆန္ဒ​ဖော်ထုတ်မှုတခု ဒီ​နေ့​ မနက်ပိုင်း​မှာ ရပ်ကွက်​နေလူထုက စု​ပေါင်း​လုပ်​ဆောင်ခဲ့​ကြပါတယ်။ လူ​နေအိမ်​တွေကြား​မှာ လာ​ရောက်ဖွင့်​လှစ်တာဟာ မီး​ဘေး​အန္တရာယ်စိုး​ရိမ်ရတဲ့​အတွက် အခုလို ကန့်​ကွက်ကြတာလို့​ ပွဲကုန်း​ရပ်မှာ ​နေထိုင်သူတဦး​က ​ပြောပါတယ်။ ဇွန်လဆန်း​ပိုင်း​ကတည်း​က သက်ဆိုင်ရာကို တင်ပြကန့်​ကွက်ခဲ့​ပေမယ့်​ အ​ရေး​ယူ​ဆောင်ရွက်ခြင်း​မရှိဘဲ ဓာတ်ဆီဆိုင် ဆက်လက်တည်​ဆောက်​နေတာ​ကြောင့်​ ရပ်ကွက်​နေပြည်သူ​တွေက စု​ပေါင်း​ကန့်​ကွက်​နေကြတာဖြစ်ပြီး​ ဆက်လက် ​ဆောင်ရွက်​နေမယ်ဆိုရင် ရပ်ကွက်တွင်း​ စီတန်း​လှည့်​လည် ဆန္ဒပြကြမယ်လို့​ ဆိုပါတယ်။ (ဓါတ်ပုံ - ချစ်ကို) [album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/mdyOilStop/]

A d v e r t i s e m e n t With Us

More News
Up