Home
မြန်မာသတင်း
တိုက်ကြီးမြို့နယ်တွင် ဆိုင်ကယ်ကယ်ရီသမားကို ဓားထောက်လုယက်မှု ဖြစ်ပွား
DVB
·
July 6, 2018
ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်မှာ ဇူလိုင်လ ၄ ရက် မနက်ပိုင်းက ဆိုင်ကယ်ကယ်ရီငှားစီးတဲ့ လူငယ်နှစ်ဦး ရင်တိုင်ကွင်းကျေးရွာအနီး ဆည်မြောင်းဘောင်ပေါ် အရောက်မှာ ဆိုင်ကယ်ကယ်ရီသမားကို ဓားထောက်ပြီး ဆိုင်ကယ်လုယက်ခဲ့တယ်လို့ တိုက်ကြီးမြို့မရဲစခန်းက သိရပါတယ်။ ဆိုင်ကယ်ကယ်ရီသမားကိုစိုးဝင်းက “မနက်ပိုင်း ပန်းခရေ လက်ဖက်ရည်ဆိုင်ရှေ့က ဆိုင်ကယ်ကယ်ရီဂိတ်မှာ ထိုင်နေတုန်း လူငယ်နှစ်ဦးရောက်လာပြီး ရင်းတိုက်ကွင်းကျေးရွာနားက ဆည်မြောင်ဘောင်ပေါ်ကို သွားမလို့ဆိုပြီး ကယ်ရီခ ၁၅ဝဝ ကျပ်နဲ့ငှားလို့ လိုက်ပို့တာ ဆည်မြောင်းဘောင်ပေါ်ရောက်တော့ ဆိုင်ကယ်မောင်းမရတော့ဘူး ပြောတော့ အလယ်ကစီးလာတဲ့ ကောင်က လည်ပင်းကို သိုင်းဖက်ပြီး ချွန်ထက်တဲ့အရာနဲ့ ထောက်ပြီး လုတယ်၊ ကျနော်ကလည်း ကြောက်လန့်ပြီး ပတ်ဝန်းကျင်ကိုအော်ဟစ် အကူအညီတောင်းတော့ သူတို့နှစ်ယောက် ထွက်ပြေးသွားတယ်။ ရွာထဲက လူတွေရောက်လာပြီး ဝိုင်းဖမ်းလို့မိတာပါ။ အခုကျနော်တိုက်ကြီးမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်” လို့ ပြောပါတယ်။ တိုက်ကြီးမြို့မရဲစခန်းက ဓားထောက်လုသူ အောင်ကျော်မင်းနဲ့ ရဲမင်းခန့် တို့ကို ရာဇသတ်ကြီး ဥပဒေပုဒ်မ-၃၉၂၊ ၁၁၄ နဲ့ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။ သတင်း-မေသွယ်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024