ကမ္ဘာ့ဖလားကျင်းပရာ ဆိုချီမြို့တွင် လမ်းသွားလမ်းလာများကို ကားတစီးဝင်တိုက်၊ ၁ ဦးသေ

ရုရှားနိုင်ငံက ကမ္ဘာ့ဖလားကျင်းပနေတဲ့ ဆိုချီမြို့မှာ မော်တော်ကားတစီးဟာ ကားလမ်းဘေး ပလက်ဖောင်းကိုကျော်ပြီး လမ်းသွားလမ်းလာတွေကို ဝင်တိုက်ခဲ့တာကြောင့်  အသက် ၆၃ နှစ်အရွယ် ဒေသခံ ၁ ဦး သေဆုံးခဲ့ပြီး ၃ ဦး ဆေးရုံတင် ကုသခဲ့ရပါတယ်။ ဇူလိုင် ၄ ရက်နေ့ကဖြစ်ခဲ့တဲ့ ဒီမတော်တဆမှုနဲ့ ပတ်သက်ပြီး စုံးစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပြီးနောက် ကနဦးတွေ့ရှိတဲ့ အချက်အလက်တွေအရ ကားမောင်းသူဟာ အိပ်ငိုက်သွားပုံရတယ်လို့ ရုရှားရဲတပ်ဖွဲ့က ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဆိုချီမြို့ အပါအဝင် ရုရှားနိုင်ငံ မြို့ကြီး ၁၁ မြို့မှာ ဇွန်လ ၁၄ ရက်နေ့ကတည်းက ကျင်းပနေတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up