ပြင်သစ်တိုက်စစ်မှူး အမ်ဘာပီကို ထိန်းချုပ်နိုင်မည်ဟု ဆွာရက်ဇ် ပြော

ဓာတ်ပုံ - Getty
ဥရုဂွေးအသင်းက ခံစစ်ကောင်းတဲ့အတွက် ပြင်သစ်အသင်း တိုက်စစ်မှူး အမ်ဘာပီကို ထိန်းချုပ်နိုင်လိမ့်မယ်လို့ ဥရုဂွေးတိုက်စစ်မှူး လူးဝစ္စ ဆွာရက်ဇ်က ပြောပါတယ်။ လာမယ့် ဇူလိုင် ၆ ရက်နေ့ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ပြင်သစ်နဲ့ ဥရုဂွေးအသင်းတို့ ယှဉ်ပြိုင်ရမှာပါ။ တိုက်စစ်မှူး ဆွာရက်ဇ်ကတော့ အသက် ၁၉ နှစ်အရွယ် အမ်ဘာပီက တကယ်ကောင်းတဲ့ ကစားသမားဖြစ်ပြီး အရင်က တိုက်စစ်မှူး အွန်နရီနဲ့ တူတယ်လို့ ပြောပါတယ်။ ဒါပေမယ့် အမ်ဘာပီတယောက်ကို ထိန်းချုပ်မှာမဟုတ်ဘဲ ပြင်သစ်တသင်းလုံးကို ဥရုဂွေး နောက်တန်းက ထိန်းချုပ်ပြီး ကစားသွားမယ်လို့လည်း ဆိုပါတယ်။ ဥရုဂွေးအသင်းက ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ် ၄ ပွဲမှာ ပေးဂိုး ၁ ဂိုးပဲ ရှိတဲ့အတွက် ခံစစ်ကစားတာ ကောင်းတယ်ဆိုပြီး နာမည်ကြီးနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။ လောလောဆယ် ဥရုဂွေးအသင်းမှာ အားထားရတဲ့ တိုက်စစ်မှူး ကာဗာနီ ဒဏ်ရာရထားလို့ ပြင်သစ်နဲ့ ကွာတားပွဲစဉ်မှာ ပါဝင်ကစားဖို့ မသေချာတဲ့ အနေအထားမှာ ရှိပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up