Home
မြန်မာသတင်း
မြင်းခြံမြို့နယ်ရှိ ဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်း​များ ​ရေရှည်​ရပ်​တည်​ရန် အခက်ကြုံ
DVB
·
July 4, 2018
မန္တ​လေးတိုင်း​ဒေသကြီး မြင်းခြံမြို့နယ်​ရှိ ဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်း​တွေမှာ သင်​ကြား​ပေး​နေတဲ့ ဆရာ၊ ဆရာမ​တွေရဲ့ လစာ​ငွေရရှိမှု နည်းပါး​နေတဲ့အတွက် သင်​ကြား​ ပေမယ့် ဆရာ၊ ဆရာမ ရှားပါးလာပြီး ​ရေရှည်​ရပ်​တည်​နိုင်​ဖို့ အခက်​အခဲ​တွေ ရှိနေတယ်​လို့ ကိုး​ဆောင်​​ဇေယျသုခ ဘုန်း​တော်​ကြီးသင်​ ပညာ​ရေး​ကျောင်း ဥက္ကဋ္ဌဆရာ​တော်​ ဦးအာစိဏ္ဏ က မိန့်ဆိုပါတယ်​။ ဆရာ​တော်​ ဦးအာစိဏ္ဏ မိန့်​တာက “ခု ဘက စာသင်​​ကျောင်း​တွေမှာ အခက်​အခဲ​တွေ ရှိလာ​​​နေ​ပြီ၊ အဓိကပျက်​သာနာက ဆရာ/ဆရာမ​တွေရဲ့ လစာရရှိမှု နည်းပါးတဲ့ အချက်​ပါပဲ၊ အစိုးရ​ထောက်​ပံ့​ငွေက ၃၆၀၀၀ ကျပ်​ ရရှိတယ်​။ ကျန်​တဲ့ပိုက်​ဆံကို ဘုန်းကြီး​တွေက အနည်း အကျဉ်းထပ်​ပြီး ​ထောက်​ပံ့​ပေးရတယ်​၊ ဆရာ/ဆရာမ​တွေက ​ပေးတဲ့ လစာနဲ့ မလုံ​လောက်​​တော့ အခြားကို ​ပြောင်း​ရွေ့လုပ်​ကိုင်​လာကြတယ်​။ ဆရာ/ဆရာမ အင်​အားနည်းလာ​တော့ အုပ်​ချုပ်​​ရေး အပိုင်းမှာ ထိခိုက်​လာတာ​ပေါ့။ ခု​ပေး​နေတဲ့ လစာနဲ့က ထပ်​​ခေါ်ယူဖို့ မလွယ်​​တော့သလို ရှိပြီးသား ဆရာ / ဆရာမ​တွေကလည်း ဒီလစာနဲ့ဆို တစ်​ဖြည်းဖြည်းနဲ့ အကုန်​ ထွက်သွား ကြမှာ ဖြစ်​တဲ့အတွက်​ ဘက စာသင်​​ကျောင်း​တွေဟာ ​ရေရှည်​ရပ်​တည်​နိုင်​ဖို့ အခက်​အခဲ အများကြီး ရှိတယ်​။ လက်​ရှိ အစိုးရအ​နေနဲ့လည်း ဘက ​ကျောင်း​တွေ ​ရေရှည်​ရပ်​တည်​နိုင်​ဖို့အတွက်​ စဉ်းစား​ပေး​စေချင်​တယ်​”လို့ ဒီဗွီဘီ ကို မိန့်​ပါတယ်​။ ဘက စာသင်​​ကျောင်း​တွေမှာ သင်​ကြား​ပေး​နေတဲ့ ဆရာ/ဆရာမ​တွေရဲ့ လစာ​ငွေဟာ အနည်းဆုံး ၅၀,၀၀၀  ကျပ်​မှ အများဆုံး ၇၀,၀၀၀ ကျပ်​အထိသာ ရရှိတာ ဖြစ်​တဲ့အတွက်​ ​ရေရှည်​ရပ်​တည်​ဖို့ မဖြစ်​နိုင်​တာ​ကြောင့် သင်​ကြား​ပေးမယ့် ဆရာ/ဆရာမ​တွေ စိတ်​ဝင်​စားမှု တဖြည်းဖြည်း နည်းလာတယ်​လို့ သိရပါတယ်​။ "ဘက ​ကျောင်း​တွေကို သင်​ကြားတဲ့​နေရာမှာ ​ပေးတဲ့လစာနဲ့ဆိုရင်​​တော့ အဆင်​မ​ပြေဘူး ​ပေါ့။ ဒါ​ပေမယ့် က​လေး​တွေအတွက်​ ပညာပါရမီဖြည့်​​ပေးချင်​တဲ့ ပရဟိတစိတ်​ဓာတ်​နဲ့ သင်​ကြား​ ပေး​နေတာပါ။ ​ရေရှည်​​တော့ အဆင်​မ​ပြေပါဘူးလို့ ဘက ​ကျောင်းမှာ သင်​ကြား​ပေး​နေတဲ့ ဆရာမ တ​ဦး က ​ပြောဆိုပါတယ်​။ မြင်းခြံမြို့နယ်​မှာ ဘုန်း​တော်​ကြီးသင်​ပညာ​ရေး​ကျောင်း ၂၆ ​ကျောင်းရှိပြီး၊ အလယ်​တန်း အဆင့် ၃ ​ကျောင်း၊ မူလွန်​​ကျောင်းအဆင့် ၅ ​ကျောင်းနဲ့ မူလတန်း​ကျောင်း ၁၈ ​ကျောင်း ပါဝင်​တာ ဖြစ်​ပြီး သင်​ကြား​ပေး​နေတဲ့ ဆရာ /ဆရာမ (၁၂၇) ​ယောက်​ရှိကာ  ကျောင်းသား/သူ ၄၈၃၈ ​ယောက်​တို့ ပညာသင်​ကြား​နေတာလည်း ဖြစ်​ပါတယ်​။ သတင်း - ရီရီထွန်း (မြင်းခြံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024