မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ကို လာဘ်စားမှုဖြင့် တရားစွဲ

မလေးရှားဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်ကို ယုံကြည်မှု အလွဲသုံးစားလုပ်မှု၊ လာဘ်စားမှုတွေနဲ့ ဇူလိုင် ၄ ရက်နေ့မှာ တရားစွဲဆိုလိုက်ပါတယ်။ မလေးရှား အောက်တရားရုံးတခုက နာဂျစ်ကို ယုံကြည်မှု အလွဲသုံးစားလုပ်မှု ၃ ခု၊ လာဘ်စားမှု ၁ မှုတို့နဲ့ တရားစွဲဆိုလိုက်တာပါ။ ပြစ်မှုတခုချင်းစီရဲ့  အမြင့်ဆုံး ပြစ်ဒဏ်ကတော့ ထောင်ဒဏ် နှစ် ၂၀ ကျခံရမှာဖြစ်ပါတယ်။ အခုတရားစွဲဆိုလိုက်တဲ့ ပြစ်မှုတွေကို အထက်တရားရုံးဆီ လွှဲပြောင်းသွားမှာဖြစ်ပြီး နာဂျစ်အနေနဲ့လည်း အထက်တရားရုံးမှာ အသနားခံစားတင်ဖွယ် ရှိနေပါတယ်။ နာဂျစ်အဖမ်းခံရတဲ့ ဗွီဒီယိုဖိုင်ကို လူမှုကွန်ရက်ပေါ်မှာ လွှင့်တင်ခဲ့ပြီး “သာမန်လူသားတယောက်အနေနဲ့ ကျနော်ဟာ ပြီးပြည့်စုံတဲ့သူ မဟုတ်ပါဘူး။ ဒါပေမယ့် ကျနော့်ကို ယုံကြည်ပေးပါ။ ကျနော်နဲ့ ကျနော့်မိသားစုကို စွပ်စွဲထားတာတွေဟာ မမှန်ပါဘူး” လို့ နာဂျစ်က ပြောကြားခဲ့ပါတယ်။ နာဂျစ်ရဲ့အမှုနဲ့ပတ်သက်ပြီး မလေးရှား ရှေ့နေချုပ်သစ် တော်မီသောမတ်က ဦးဆောင်စစ်ဆေးသွားမှာ ဖြစ်တယ်လို့လည်း ဗွီအိုအေသတင်းမှာ ဖော်ပြထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up