ဆွစ်ဇာလန်ကို ၁ ဂိုး ဂိုးမရှိဖြင့်နိုင်ပြီး ဆွီဒင် ကမ္ဘာ့ဖလား ကွာတားတက် (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလား ရှုံးထွက်ပွဲစဉ်အဖြစ် ဆွီဒင်နဲ့ ဆွစ်ဇာလန်တို့ မနေ့ညက ယှဉ်ပြိုင်ရာ ဆွီဒင်က ၁ ဂိုး ဂိုးမရှိနဲ့ ကပ်နိုင်ပြီး ကွာတားဖိုင်နယ်ကို တက်ရောက်သွားပါတယ်။ ခြေစွမ်းမကွာတဲ့နှစ်သင်း တွေ့တာဖြစ်လို့ အပြန်အလှန် ထိုးဖောက် ကစားနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ ဆွီဒင်ဘက်က အပိုင်နီးပါး ကန်သွင်းချက်ကို ဆွစ်ဇာလန်ဂိုးသမား လက်စွမ်းပြ ကာကွယ်နိုင်ခဲ့ပါတယ်။ တဖက်မှာလည်း ဆွစ်ဇာလန် ကစားသမားရဲ့ ကန်သွင်းချက်တွေ မသေချာလို့ ဦးဆောင်ဂိုးတွေနဲ့ လွဲခဲ့ပါတယ်။ ဆွီဒင်အတွက် အနိုင်ဂိုးကို ၆၆ မိနစ်မှာ တိုက်စစ်မှူး ဖော့စ်ဘက်ရဲ့ ကန်သွင်းချက်ကနေ တဖက်နောက်ခံလူနဲ့ထိပြီး ရသွားတာပါ။ ဆွီဒင်အသင်းဟာ ၁၉၅၄ နောက်ပိုင်း ရှုံးထွက်အဆင့်မှာ ပြန်လည်ဂိုးသွင်းနိုင်တာ ဖြစ်ပါတယ်။ ပွဲပြီးကာနီး ၉၄ မိနစ်မှာ ဆွစ်ဇာလန်က ကစားတာကြမ်းလို့ တယောက်အထုတ်ခံရပေမယ့် ရလဒ်ကတော့ ပြောင်းလဲမသွားပါဘူး။ ဒီပွဲနိုင်တဲ့ ဆွီဒင်ဟာ ကွာတားဖိုင်နယ်မှာ အင်္ဂလန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up