နေမာကို ကမ်းလှမ်းခြင်းမရှိဟု ရီးရဲလ် ငြင်းဆို

ဓာတ်ပုံ - Daily Star
ပီအက်စ်ဂျီတိုက်စစ်မှူး နေမာကို ခေါ်ယူဖို့ လုပ်နေတယ်ဆိုတာ မဟုတ်ဘူးလို့ ရီးရဲလ်မက်ဒရစ်အသင်းက ငြင်းဆိုလိုက်ပါတယ်။ စပိန်ရုပ်သံ TVE ရဲ့ သတင်းတခုမှာ ရီးရဲလ်အသင်းက ဘရာဇီးတိုက်စစ်မှူး နေမာကို ခေါ်ယူနိုင်တော့မယ်ဆိုပြီး ခန့်မှန်း ပြောဆိုခဲ့ပါတယ်။ ရီးရဲလ်ရဲ့ ထုတ်ပြန်ချက်မှာတော့ ရုပ်သံသတင်းဌာနက ပြောသွားတဲ့ အချက်အလက်တွေ မှားနေတယ်လို့ ရေးသားထားပါတယ်။ ဒါ့အပြင် ရီးရဲလ်အနေနဲ့ ပီအက်စ်ဂျီအသင်းက ဘယ်ကစားသမားကိုမှ ကမ်းလှမ်းတာ မရှိဘူးလို့လည်း ဆိုထားပါတယ်။ စပိန်ရုပ်သံ TVE ကတော့ ရီးရဲလ်က နေမာကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၂၇၅ သန်းပေးပြီး ကမ်းလှမ်းထားတယ်လို့ ပြောပါတယ်။ တိုက်စစ်မှူး နေမာဟာလည်း ရုရှား ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခြေစွမ်းပြ ကစားနေပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up