Home
မြန်မာသတင်း
အမျိုးသမီးကဏ္ဍ ပိုမိုတိုးမြှင့်လုပ်ဆောင်ရန် မြန်မာအမျိုးသမီးနေ့တွင် တိုက်တွန်း
အောင်ကိုကိုလတ် (နေပြည်တော်)
·
July 3, 2018
36597851_621810611526899_5387881991448297472_o
36632949_621810584860235_5565537476786782208_o
36490828_621810711526889_8072796293061148672_o
36482970_621810738193553_8873646971793965056_o
အမျိုးသမီးကဏ္ဍတွေအတွက် ကုလသမဂ္ဂက ချမှတ်ထားတဲ့ လုပ်ငန်းအစီအစဉ်တွေကို နိုင်ငံတော်အနေနဲ့ ဆောင်ရွက်ဖို့လို အပ်နေသေးတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဇူလိုင် ၃ ရက်မနက်က နေပြည်တော်ရှိ သင်္ဂဟဟိုတယ်မှာ ကျင်းပတဲ့ မြန်မာ အမျိုးသမီးများနေ့ အခမ်းအနားကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် တက်ရောက်ခဲ့ပြီး အဖွင့် အမှာစကား ပြောခဲ့တာပါ။ “ကုလသမဂ္ဂက ချမှတ်ပေးထားတဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှု ရည်မှန်းချက် ပန်းတိုင်များ၊ ကမ္ဘာ့အမျိုးသမီးညီလာခံနဲ့ အမျိုးသမီးများအား နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေး ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းပါ ပြဋ္ဌာန်းချက်များ၊ လုပ်ငန်းအစီအစဉ်များကို နိုင်ငံတော်ရဲ့ မူဝါဒနဲ့ အညီ အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါတယ်”လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ မြန်မာအမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်ကို ဘေဂျင်း ကြေညာချက်လုပ်ငန်းစဉ် ၁၂ ရပ်နဲ့အညီရေးဆွဲ ပြဋ္ဌာန်းပြီး အကောင်အထည်ဖော် ဆောင်ရွက်နေပါတယ်။ ဒီလုပ်ငန်းစဉ်တွေထဲမှာ အမျိုးသမီးတွေနဲ့ အသက်မွေးဝမ်းကျောင်းတွေ၊ အမျိုးသမီးတွေနဲ့ ပညာရေးလေ့ကျင့် သင်ကြားရေး၊ အမျိုးသမီးတွေနဲ့ ကျန်းမာရေး၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု၊ အမျိုးသမီးတွေနဲ့ အရေးပေါ်အခြေအနေတွေ၊ အမျိုးသမီးတွေနဲ့ စီးပွားရေးတို့ ပါဝင်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေနဲ့ ဆုံးဖြတ်ချက်ချမှတ်ရေး၊ အမျိုးသမီးတွေ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းယန္တရားတွေ၊ အမျိုးသမီးတွေနဲ့ လူ့အခွင့်အရေး၊ အမျိုးသမီးတွေနဲ့ မီဒီယာ၊ အမျိုးသမီးတွေနဲ့ သဘာဝပတ်ဝန်းကျင်၊ အမျိုးသမီးငယ်ရွယ်တွေ ရေးဆွဲ အကောင်ထည်ဖော် ဆောင်ရွက်နေတယ်လို့ သိရပါတယ်။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024