ပျောက်ဆုံးလူငယ်များနှင့်ပတ်သက်၍ ကောလဟာလသတင်းများ မယုံကြရန် ခရိုင်ဝန် ရှင်းလင်း

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းရိုင်းခရိုင် မယ်ဆိုင်မြို့ ခွန်နမ့်နန်းနွန်းဂူတွင်း လူငယ်ေ ဘ်ာလုံးသမား ၁၃ ဦး ဝင်ရောက်ပျောက်ဆုံးနေတာ ဒီကနေ့ဆိုရင် ၉ ရက်မြော က်သွားပြီ ဖြစ်ပေမယ့် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီထိ ရှာလို့မတွေ့သေးပါဘူး။ ရှာဖွေကယ်ဆယ်ရေးသမားတွေဟာ လူငယ် ၁၃ ဦးရှိမယ်လို့ ယူဆရတဲ့ လိုဏ်ဂူတွင်းရှိ ပတ္တယားကမ်းခြေကို ရောက်ရှိသွားပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အမှန်က အဲဒီနေရာ မရောက်သေးကြောင်း၊ ဂူတွင်းအနေအထားနဲ့ ပတ်သက်တဲ့ မြေပုံကို သတင်းထောက်တွေကို ဝေငှပေးခဲ့ပြီဖြစ်တဲ့အတွက် အားလုံးမြေပုံကို ဖွင့်ကြည့်စေလိုကြောင်း ပြောပါတယ်။ မနေ့ညညက လမ်းခွဲထိပဲ (မီတာပေါင်း ၁၆၀၀ ) ထိ ရောက်ရှိနေပြီး ဒီကနေ့မနက်မှာ ပတ္တယားကမ်းခြေရှိရာ လက်ဝဲဘက်ကို ဆက်သွားကြမယ်၊ ပြီးတော့ လူအင်အား အခြေအနေကြည့်ပြီး (လမ်းခွဲရဲ့ လက်ယာဘက် ဒွိုင်ဖာမီတောင်ကြောအောက်) ကိုရှာမယ်၊   ဒီကိစ္စနဲ့ ပတ်သက်ပြီး သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေတာကြောင့် ကောလာဟလတွေကို မယုံဘဲ ခရိုင်ဝန်ရဲ့ ပြောဆိုထုတ်ပြန်ချက်သာ အတည်ဖြစ်တယ်လို့ ချင်းရိုင်းခရိုင်ဝန် နိုင်းနရုန်းဆဒိ အိုရုတ်ထ နားကွန်းက ဒီကနေ့မနက် လိုဏ်ဂူရှေ့သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ ကယ်ဆယ်ရေးအဖွဲ့ဝင်တွေဟာ အဆိုပါလမ်းခွဲကိုရောက်ရှိဖို့ ဂူတွင်း အခန်းကြီး ၃ ခန်းကို ဖြတ်ကျော်ခဲ့ကြောင်း၊ တခန်းစီမှာ စခန်းချဖို့နေရာတွေလုပ်ထားပြီး ဒီကနေ့မနက်ထိ အောက်စီ ဂျင်ဘူးပေါင်း ၆ဝဝ သွင်းထားတဲ့အပြင် အဲဒီနေရာထိ မီးကြိုးတွေ၊ အင်တာနက်လိုင်းတွေ ရောက်ရှိပြီဖြစ်တဲ့အတွက် အကြောင်းမရှိရင် ဂူပြင်ပကို ထွက်မလာဘဲ အထဲကနေ ကယ်ဆယ်ရေးလုပ်မယ်လို့ ဆိုပါတယ်။ ပတ္တယားကမ်းခြေကို ရောက်ရှိဖို့မှာ အလွန်ကျဉ်းမြောင်းသော လျှိုတစ်ခုဖြတ်ပြီး  ရေ ထပ်ငုပ်ရမှာဖြစ်ကြောင်း၊ ရေကျသွားရင် ပိုပြီးလွယ်ကူမှာဖြစ်လို့ ရေကိုလည်း ဆက်လက်စုပ်ထုတ်နေတယ်လို့ ဆိုပါတယ်။ ဂူထဲက ရေပမာဏအမြောက်အမြား အပြင်ဘက် ဘယ်ယာစိုက်ခင်းတွေဆီ ၀င်ရောက်လွှမ်းသွားဖွယ်ရှိပေမယ့် ဒီကိစ္စအပေါ် ကြည်ဖြူစွာ လက်ခံတဲ့ ဒေသခံရွာတွေရဲ့ ပူးပေါင်းမှုအအတွက် အထူးကျေးဇူးတင်ရှိပါကြောင်း၊ တာဝန်ရှိသူတွေဘက်ကတော့ လယ်ယာစိုက်ခင်းတွေ ပျက်စီးဆုံးရှုံးမှုမရှိအောင် အတတ်နိုင်ဆုံးဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။ တောင်ပေါ် ဂူနံရံကနေ အတွင်းကို ဖောက်လို့ရနိုင်မယ်လို့ ယူဆရတဲ့ နေရာပေါင်း အကြံပြုလာတာ  ၁၀ နေရာကျော်ရှိကြောင်း၊ လောလောဆယ် ၆ ပေါက်မှာ တူးနေတာ အနက် မီတာ ၂၀၀ ထိသာ ဖောက်နိုင်သေးကြောင်း၊ လေဆာ နဲ့ အသုံးပြုပြီး ဖောက်ထွင်းကြည့်ရှု ဖို့ကတော့ ရာသီဥတု အခြေအနေမပေးတဲ့အတွက် ဆောင်ရွက်ဖို့ ခဲယဉ်းတယ်လို့ ပြောပါတယ်။ အပြင်ကလူတွေ ဂူထဲဝင်ရောက်လေ့လာခွင့်မပြုတာ၊ ပြင်ပကယ်ဆယ်ရေးအဖွဲ့တွေက သူတို့အစီစဉ်နဲ့ သူတို့လုပ်မယ့်ကိစ္စရပ်ကို တားဆီးရတာဟာ အရာရာကြိုတင်စီမံထားတဲ့ လမ်းကြောင်းအတိုင်း၊ စည်းကမ်းအတိုင်းသွားနေတာမို့ နားလည်မှုလွှဲမှားတာ၊ မလိုလားအပ်ဘဲ လူပျောက်တာ၊ စစ်ဆေးရှာဖွေရ ခက်ခဲတာတွေ ဖြစ်နိုင်တာကြောင့် ကန့်သတ်ထားတာလို့ ပြောပါတယ်။ အဲဒီနောက် ကယ်ဆယ်ရေးမှာ ထူးခြားသတင်းတွေရှိရင် သူကိုယ်တိုင် မဆိုင်းမတွ ပြောဆို ထုတ်ပြန်ပေးမှာဖြစ်ပြီး သတင်းမှားတွေ၊ ကောလာဟလတွေ မယုံကြဖို့ ထပ်လော င်းပြောသွားပါတယ်။ ကိုးကား ။ ထိုင်းတီဗွီချနယ်လ် ၃ လိုက်ဖ်လွှင့်

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up