Home
မြန်မာသတင်း
မြန်မာရွှေ့ပြောင်းလုပ်သားအများစု လုပ်ကိုင်နေသည့် ပင်လယ်စာစက်ရုံ မီးလောင်
DVB
·
July 2, 2018
ထိုင်းနိုင်ငံအလယ်ပိုင်း  ဆမွတ်ဆာခွန်းခရိုင် ဆမွတ်ဆာခွန်းမြို့ရှိ ပင်လယ်စာ ထုပ်ပိုးစက်ရုံမှာ ဒီကနေ့မနက် ၇ နာရီလောက်က မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ်။ ဆမွတ်ဆာခွန်းမြို့ ထာ့ကျင်းရပ်ကွက်ရှိ Thai Royal Frozen Food Co.,LTD  ကုမ္ပဏီပိုင် ပင်လယ်စာစက်ရုံမှာ မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရတဲ့အတွက် မီးသတ်ကား အစီးရေ ၂၀ နဲ့ သွားရောက်ငြှိမ်းသတ်ခဲ့ရကြောင်း၊ မီးလောင်တဲ့နေရာဟာ စက်ရုံအနောက်ဘက် နှစ်ထပ်တိုက်ကြီးတလုံးမှာ ဖြစ်ပြီး သူတို့ ရောက်သွားချိန်မှာ အဆောက်အဦ အစိတ်အပိုင်း မီးလောင်ပြိုကျနေတယ်လို့ ဆမွတ်ဆာခွန်ရဲစခန်းက ပြောပါတယ်။ စစ်ဆေးမေးမြန်းချက်အရ မီးမလောင်ခင် အဲဒီနေရာမှာ အလုပ်သမား ၁၀ ယောက်လောက် မီးဖိုအကြီးစားနဲ့ ပုစွန်ကြော်နေကြောင်း၊ အဆိုပါမီးဖိုမှာ LPG ဓာတ်ငွေ့ အသုံးပြု မီးဖိုဖြစ်တဲ့အတွက် ဓာတ်ငွေ့ယိုစိမ့်ရာက ပေါက်ကွဲပြီး မီးထလောင်တာ ဖြစ်နိုင်တယ်လို့ ယူဆကြောင်း ရဲက ဆက်ပြောပါတယ်။ အဆိုပါ စက်ရုံပိုင်ရှင်မှာ ဆမွတ်ဆာခွန်းခရိုင် ကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ နန်းအမ်းဖိုင်း ယန်ကလိုင်ဝိလိုင်း ဆိုသူဖြစ်ပြီး မီးလောင်မှုကြောင့် ဆုံးရှုံးမှုပမာဏမှာ ဘတ်သန်းနဲ့ချီ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဆမွတ်ဆာခွန်း အခြေစိုက် မြန်မာအလုပ်သမားအရေး လှုပ်ရှားသူ AAC (ယာယီဖျက်သိမ်း) အဖွဲ့မှ ကိုရဲမင်းကတော့ အဲဒီစက်ရုံမှာ မြန်မာအလုပ်သမားပေါင်း ၁၀၀၀ ကျော်  ဝင်ရောက်လုပ်ကိုင်နေပြီး ဒီမနက်က သွားရောက်ကြည့်ရှုရာမှာ အလုပ်သမားတွေ တယောက်မှ ထိခိုက်ဒဏ်ရာရတာ မရှိဘူးလို့ ဒီဗွီဘီကို ပြောသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024