Home
မြန်မာသတင်း
လားရှိုးတွင် ခရီးသည်တင်ယာဉ်နှင့် ၂၂ ဘီးယာဉ်တိုက်မှု ဖြစ်ပွား၊ ၁၃ ဦး ဒဏ်ရာရ
DVB
·
July 2, 2018
36500700_2462890750403191_4143855580429156352_n
လားရှိုးမြို့နယ်မှာ ခရီးသည်တင်ယာဉ်နဲ့ ၂၂ ဘီးယာဉ် တိုက်မှုကြောင့် ၁၃ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဇူလိုင်လ ၁ ရက်နေ့ ညနေ ၄ နာရီလောက်က လားရှိုးမြို့နယ် နောင်လန်းကျေးရွာအနီး လားရှိုး-မန္တလေး ပြည်ထောင်စုလမ်းကြီး မိုင်တိုင် (၁၅၈/၁-၂)ကြားမှာ နိုင်းနိုင်း မောင်းနှင် တဲ့ ခရီးသည်တင်မှန်လုံယာဉ်က ရှေ့မှယာဉ်အား ကျော်တက်စဉ် တစ်ဖက်ယာဉ်ကြော ရောက်ရှိပြီး ဇော်လင်းအောင် မောင်းနှင်ပြီး နေထက်နိုင် လိုက်ပါလာတဲ့ ၂၂ ဘီးယာဉ်အား ဝင်တိုက်မိခဲ့တာပါ။ နိုင်းနိုင်းနဲ့ နေထက်နိုင်တို့ ၂ ဦးလုံး စိုးရိမ်ရာ ဒဏ်ရာတွေရရှိခဲ့ပြီး ခရီးသည်တင်ယာဉ်ပေါ် လိုက်ပါလာတဲ့ ၁၁ ဦးကာတော့ မစိုးရိရ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ ဆိုပါတယ်။ နိုင်းနိုင်းအား နောင်မွန် နယ်မြေရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၃၈/ ၃၃၇/ ၂၇၉ (ပေါ့လျော့မှုကြောင့် ပြင်းထန်/သာမန် နာကျင်စေမှု၊ ယာဉ်မဆင်မခြင် မောင်းနှင်မှု) နဲ့ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024