DVB Logo
Home
မြန်မာသတင်း
သင်ဇာဝင့်ကျော်၊ အေးမြတ်သူတို့ပါဝင်သည့် တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာရုပ်ရှင် (နမူနာ)
DVB
·
July 2, 2018
သင်ဇာဝင့်ကျော်၊ အေးမြတ်သူတို့ပါဝင်သည့် တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာရုပ်ရှင် (နမူနာ)
Donate to DVB

မကြာခင်မှာ ရုံတင်ပြသတော့မယ့် တိုးကျော်မန်းနဲ့ နန်းဆန်တဲ့ရွာ မြန်မာရုပ်ရှင် ကားဟာ မထွက်ခင်ကတည်းက နာမည်ကြီးနေခဲ့ပြီး ရုပ်ရှင်နမူနာကို ၀င်ရောက်ကြည့်ရှု ကြတဲ့ အကြိမ်ရေ ၃ သန်းနီးပါး ရှိနေခဲ့ပါတယ်။

ဒီကားကိုတော့ Celebrity ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ကျော်သား ကြီးက ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ဇာတ်လမ်းကတော့ ယောက်ျားမမြင်ဖူးတဲ့ ပဲခူးရိုးမတောနက်ထဲက အပျိုစင်လို့ အ မည်ရတဲ့ ရွာထဲကို ရောက်သွားကြတဲ့ ဂေါ်မစွံလူပျိုသိုးကြီး ၃ ယောက်နဲ့ ချောမောလှပတဲ့ ရွာသူတွေ တွေ့ကြတဲ့အချိန်မှာ ဘယ်လိုကမောက်ကမတွေ ဖြစ်ကြမလဲဆိုတာကို ဟာ သဆန်ဆန် ရိုက်ကူးထားတာ ဖြစ်ပါတယ်။

ပြေတိုး၊ ကျော်ရန်အောင်နဲ့ လူမန်းဆိုတဲ့ အဲဒီဂေါ်မစွံလူပျိုသိုးကြီး ၃ ယောက်နေ ရာမှာတော့ ပြေတီဦး၊ ကျော်ရဲအောင်နဲ့ ဟာသသရုပ်ဆောင် ဗေလုဝတို့က ခေါင်း ဆောင် ပါဝင်ထားကြတာ ဖြစ်ပါတယ်။

သရုပ်ဆောင် မင်းသမီး အေးမြတ်သူကတော့ အပျိုစင်ရွာရဲ့ အကြီးအကဲ သခင်မ နေရာမှာ ပါဝင်သရုပ်ဆောင်ထားပြီး သင်ဇာဝင့်ကျော်ကတော့ ရွာသူအပျိုချော ဖြူဖွေးအဖြစ် သရုပ်ဆောင်ထားကြတာ ဖြစ်ပါတယ်။

အချစ်၊ဟာသဒရာမာဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ဒီရုပ်ရှင် ကားထဲက ပြောစကား ဒိုင်ယာလော့ဂ်တွေဟာလည်း ပရိသတ်တွေကြားမှာ ရေပန်းစား နေပြီး မထွက်ခင်ကတည်းက နာမည်ကြီးနေခဲ့တာပါ။

ဒီရုပ်ရှင်ကားနမူနာကို လက်ရှိအချိန်ထိ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ၀င်ရောက်ကြည့်ရှု သူတွေများစွာရှိနေပြီး လာမယ့် ဇူလိုင်လ ၆ ရက်နေ့မှာ ရုံတင် ပြသတော့မှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013