နိုင်ငံပိုင်စက်သုံးဆီဆိုင်များတွင် ရောင်းပေးနေသည့် ပြည်တွင်းထုတ်ဓာတ်ဆီ ၀ယ်သူနည်း
သူဇာလင်း
·
July 1, 2018
ပြည်တွင်းထုတ်ဓာတ်ဆီတွေကို နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင်တွေမှာ ရောင်းချပေး နေပေမယ့်လည်း ဆီဖြည့်တဲ့သူ နည်းပါးနေသေးတယ်လို့ ရန်ကုန်စက်သုံးဆီအရောင်းဆိုင်တွေ က ပြောပါတယ်။
နိုင်ငံတကာ စက်သုံးဆီဈေးနှုန်းနဲ့ နိုင်ငံခြားငွေလဲလှယ်နှုန်း မြင့်တက်လာတဲ့အတွက် လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်း၊ ရေနံဓာတုဗေဒ စက်ရုံစု(သံပုရာကန်) ကနေ ထုတ်လုပ်တဲ့ ပြည်တွင်းထုတ်ဓာတ်ဆီကို ဇူလိုင် ၁ ရက်နေ့က စပြီး ရောင်းချပေးနေတာဖြစ်ပါတယ်။
မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးလုပ်ငန်းရဲ့ နိုင်ငံပိုင်စက်သုံးဆီ အရောင်းဆိုင် တွေဖြစ်တဲ့ ရန်ကုန်မြို့မှာရှိတဲ့ ချောင်းဝ စက်သုံးဆီအရောင်းဆိုင်၊ ဗိုလ်တထောင် စက်သုံးဆီ အရောင်းဆိုင်၊ တောင်ဥက္ကလာစက်သုံးဆီ အရောင်းဆိုင်၊ နေပြည်တော်၊ မန္တလေး၊ ပဲခူးနဲ့ တောင်ငူ စက်သုံးဆီအရောင်းဆိုင်တွေမှာ မော်တော်ယာဉ်ငယ်တွေနဲ့ မော်တော်ဆိုင်ကယ်တွေ အတွက် ပိတ်ရက်မရှိ လက်လီဖြန့်ဖြူးရောင်းချပေးသွားမှာဖြစ်ပါတယ်။
လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက် ပစ္စည်းရောင်းဝယ်ရေးလုပ်ငန်းက နိုင်ငံပိုင်စက်သုံးဆီအရောင်းဆိုင် ၈ ဆိုင်မှာ ဒုတိယအကြိမ်အဖြစ် ဓာတ်ဆီ ဂါလန် ၃ သန်းကို ရောင်းချပေးတာဖြစ်ပြီး စက်သုံးဆီဈေးနှုန်းက ဓာတ်ဆီ ကျပ် ၃၈၀၀ နဲ့ ဒီဇယ် ကျပ် ၄၀၀၀ နှုန်းနဲ့ ရောင်းချပေးနေတာဖြစ်ပါတယ်။
ပုဂ္ဂလိက ဆိုင်တွေရဲ့ ဆီဈေးနှုန်းကတော့ ရန်ကုန်မှာ 92 အောက်တိန်း ၁ လီတာကို ၈၈၀ ကျပ်၊ 92 အောက်တိန်း တလီတာကို ၉၃၀ ကျပ် ဖြစ်ပါတယ်။