Home
မြန်မာသတင်း
သစ်ပင်စိုက်စိုက်ရန် တွင်းတူးရာမှ ဗုံးသီးဟောင်းများ တွေ့ရှိ
DVB
·
July 1, 2018
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့နယ် ကျောင်းတော်ကြီးကျေးရွာရှိ ဇေယျမင်္ဂလာ ဘုန်းကြီးကျောင်းဝင်းအတွင်း ဇွန် ၂၉ ရက်နေ့ ည ၈ နာရီခွဲအချိန်က ဗုံးသီးဟောင်း ၂ လုံး တွေ့ရှိခဲ့တယ်လို့ ပြည်ထဲရေးက ထုတ်ပြန်ပါတယ်။ ကျောင်းတော်ကြီးကျေးရွာမှာ အသက် ၂၂ အရွယ် ဝင်းလွင်မြင့်ဟာ သစ်ပင်စိုက်ဖို့ တွင်းတူးစဉ် အလျား ၁၄ လက်မ၊ လုံးပတ် ၉ လက်မခန့်ရှိ ဒလက်ပါ သံချေးတက်ဗုံးသီးဟောင်း ၂ လုံး တွေ့ရှိခဲ့တာပါ။ မနေ့ည ၉ နာရီ ၂၀ မိနစ်အချိန်က တမခ(၃၃)BEတပ်ခွဲ(စစ်ကိုင်း) တပ်မတော်သားတွေက သိမ်းဆည်း ယူဆောင်သွားခဲ့တယ်လို့ သိရှိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024