Home
မြန်မာသတင်း
ပုံပါကျင်​မြို့ အသုဘအိမ်တွင် စကားများရာမှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ၁ ဦးသေဆုံး
DVB
·
July 1, 2018
မိုင်းတုံမြို့နယ်​ ပုံပါကျင်​မြို့မှာ အသုဘအိမ်မှာ စကားများရာကနေ လက်နက်ကိုင်တပ်​ဖွဲ့ဝင်​တဦးက သေနတ်နဲ့ပစ်​ခတ်​ခဲ့တဲ့အတွက် (ဝ)တိုင်းသားတဦး ဦး​ခေါင်း​သေနတ်​မှန်​​ သေဆုံးခဲ့တယ်လို့ ဒေသခံရွာသားတဦးက ပြောပါတယ်။ ရှမ်းပြည်နယ် မိုင်းတုံမြို့နယ်​ ပုံပါကျင်​မြို့ နမ့်ဟူးခွန်​​ကျေးရွာအုပ်​စု ပါတဲ့ရွာ (​ဒေသအ​ခေါ် ဝမ်​မိုင် ‘ဝ’ ရွာ အသုဘ​နေအိမ်​မှာ ဇွန်​လ ၃ဝ ရက်​ ​နေ့လယ် ၁ နာရီ​ကျော်​လောက်က​ နာ​ရေးရက်​လည်​အတွက်​ ဝိုင်းဝန်း​ဆောင်​ရွက်​​နေကြစဉ် စကားများရာကနေ​ လက်နက်ကိုင်တပ်​ဖွဲ့ဝင်​ ကျရှဲန်​ဆိုသူက ပစ္စတို​သေနတ်နဲ့ တ​ချက်​ပစ်​ခတ်​ခဲ့တဲ့အတွက် ဝမ်မိုင်ကျေးရွာ​ နေ အသက် ၆ဝ နှစ်အရွယ် ‘ဝ’ လူမျိုး ဦးအိုက်​လူရဲ့ နဖူး​နေရာက ကျည်​​ဖောက်​ဝင်​ပြီး မိုင်းတုံပြည်​သူ့​ဆေးရုံအ​ရောက်​မှာ ​သေဆုံးသွားခဲ့တာပါ။ အသုဘအိမ်​ကို​ ရောက်​​နေတဲ့​​ဒေသခံတ​ဦးက “နာ​ရေးအိမ်​မှာ ‘ဝ’ ရိုးရာဓ​လေ့ထုံးတမ်း စဉ်​လာအရ ရက်​လည်​လုပ်​ဖို့ ဝိုင်းဝန်းကူ​ညီ​နေကြတုန်း UWSA တပ်​ဖွဲ့ဝင်​ ကျရှဲန်​က ပစ္စတို​သေနတ်​နဲ့ပစ်​တာပါ။ စကားများ​နေကြတယ်​လို့​တော့ သိရတယ်​။ ဘာ​ကြောင့်တော့ မသိဘူး” လို့ ပြောပါတယ်​။ ​သေနတ်​ပစ်​ခတ်​ လူ​သေဆုံး​စေခဲ့သူ ကျရှဲန်​ကို UWSA တပ်​မဟာ (၇၇၅) အ​ခြေပြုရာ ​ဟွေ​အောရွာကို  ‘ဝ’ တပ်​ဖွဲ့ဝင်တွေက ဖမ်းဆီး​ခေါ်​ဆောင်​သွားခဲ့ပြီး UWSA စစ်​စည်းကမ်းအရ အ​ရေးယူ​ဆောင်​ရွက်​သွားမယ်​လို့ သိရပါတယ်​။ သတင်း - ​အောင်​​ဇေယျ(မိုင်းတုံ)
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024