Home
မြန်မာသတင်း
တုတ် ဓားကိုင်သောင်းကျန်းသူ ပြန်လည်ခုခံသဖြင့်  ရဲက ပစ်ခတ်ဖမ်းဆီး
DVB
·
June 29, 2018
ပဲခူးမြို့မှာ တုတ်၊ ဓားတွေ ကိုင်ဆောင်သောင်းကျန်းသူ ၃ ဦးကို ဖမ်းဆီးရာမှာ ၁ ဦးက ပြန်လည်ခုခံလို့ ရဲတပ်ဖွဲ့ဝင်တွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ရတယ်လို့ ပြည်ထဲရေးသတင်းမှာ ဖော်ပြပါတယ်။ ဇွန် ၂၈ ရက် ညနေပိုင်းက ပဲခူးမြို့၊ မြို့သစ် (ခ) ရပ်ကွက် ငွေတောင်စားသောက်ဆိုင်မှာ ဇော်မိုးထက်(ခ)ဇော်ကြီး (၂၄-နှစ်) အပါအဝင် ၃ ဦးဟာ တုတ်၊ ဓားတွေ ကိုင်ဆောင် သောင်းကျန်းနေတာကို ပဲခူးခရိုင်ရဲတပ်ဖွဲ့ဝင်တွေက သွားရောက်ထိန်းသိမ်းစဉ် ဇော်မိုးထက်က "သတ်ပစ်မည်” ဟု ကြိမ်းမောင်းကာ ရဲအုပ် ကျော်သူကို အရိုးအသွား ၈ လက်မခွဲခန့်ရှိ ဓားနဲ့ ပြန်လည်ခုခံလို့ ခြောက်လုံးပြူးသေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးရာ ဇော်မိုးထက်(ခ)ဇော်ကြီးရဲ့ ယာခြေသလုံး ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) ရရှိခဲ့ပြီး ပဲခူးပြည်သူ့ဆေးရုံ ပို့ဆောင်ကုသထားတယ်လို့ ဆိုပါတယ်။ ဇော်မိုးထက် (ခ) ဇော်ကြီးပါ ၃ ဦး(ဖမ်းမိ)အား ပဲခူးမြို့မရဲစခန်း ရာဇသတ်ကြီးပုဒ်မ ၃၀၇/၃၅၃/၅၀၆/၁၁၄ (လူသတ်မှုကျူးလွန်ရန် အားထုတ်ခြင်း/ တာဝန်ဝတ္တရား ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းအား လက်ရောက်မှု/ ရာဇဝတ်မကင်းသော ခြောက်လှန့်မှု/အားပေးကူညီမှု) နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - ပြည်ထဲရေး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024