Home
မြန်မာသတင်း
မြန်မာလွှတ်တော်များ ပိုမိုပွင့်လင်းမြင်သာမှုရှိရန် လိုအပ်နေ
ကျော်ဇေယျာဝင်း
·
June 28, 2018
36276650_1800450706684108_6824865731000139776_o
မြန်မာပြည်မှာ လွှတ်တော်တွေအနေနဲ့ အခုထက်ပို ပွင့်လင်းမြင်သာမှုရှိဖို့ လိုသလို အချက်အလက်တွေကို မြန်မြန်ဆန်ဆန်နဲ့ ပြည်သူတွေဆီရောက်အောင် လုပ်ပေးဖို့ လိုတယ်လို့ လွှတ်တော်တွေကို စောင့်ကြည့်လေ့လာနေတဲ့ ပွင့်လင်းမြန်မာအဖွဲ့က ပြောပါတယ်။ ဇွန်လ ၂၈ ရက်က ရန်ကုန်မြို့၊ Orchid ဟိုတယ်မှာပြုလုပ်တဲ့ ပြည်ထောင်စုအဆင့် လွှတ်တော်များ သတ္တမပုံမှန်အစည်းအဝေး လွှတ်တော်ပုံမှန်အစည်းအဝေး သုံးသပ်ချက် အစီရင်ခံစာထုတ်ပြန်ရာမှာ ပွင့်လင်းမြန်မာ အမှုဆောင်ဒါရိုက်တာ ဦးအေးကျော်က ပြောဆိုလိုက်တာပါ။ ပြည်ထောင်စုအဆင့်လွှတ်တော်များ သတ္တမပုံမှန်အစည်းအဝေးတွေကို ၂၀၁၈ခုနှစ် ဇန်နဝါရီ ၁၅ ရက်ကနေ မတ်လ ၃၀ ရက် ထိကျင်းပခဲ့ပြီး ပြည်သူ့လွှတ်တော် အစည်းအဝေးကို ၃၂ရက်၊ အမျိုးသားလွှတ်တော်အစည်းအဝေးကို ၃၃ ရက်နဲ့ ပြည်ထောင်စု လွှတ်တော်အစည်းအဝေးကို ၂၂ ရက်ပြုလုပ်ခဲ့တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ သတ္တမပုံမှန်အစည်းအဝေးကာလအတွင်းမှာ အမျိုးသား၊ ပြည်သူ့နဲ့ ပြည်ထောင်စု လွှတ်တော်သုံးရပ်လုံးမှာ စတင်တင်သွင်းတဲ့ ဥပဒေကြမ်း ၁၉ ခုရှိပြီး ဆွေးနွေးဆဲဥပဒေ ၃၅ ခုကို ဆွေးနွေးခဲ့တယ်လို့ည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် ဥပဒေကြမ်း ၁၂ခုကို ဥပဒေအဖြစ်အတည်ပြုနိုင်ခဲ့ပြီး ဆဋ္ဌမအကြိမ်မှာ ဆွေးနွေးဖို့ကျန်တဲ့  အဆို ၂ခုနဲ့ သတ္တမအကြိမ်မှာတင်သွင်းခဲ့တဲ့ အဆို ၁၀ ခု စုစုပေါင်း အဆို ၁၂ခု ဆွေးနွေးပြီး အဆို၃ ခုကတော့ အတည်ပြုနိုင်ခဲ့တယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024