Home
မြန်မာသတင်း
ဒေါက်တာအေးမောင်အမှု တရားလိုပြ ရဲအရာရှိကိုစစ်ဆေး
DVB
·
June 28, 2018
36257382_588391451516866_5878102197039792128_o
ဒေါက်တာအေးမောင်နဲ့ စာရေးဆရာဝေဟင်အောင်တို့ စွဲဆိုထားတဲ့ အမှုတွေနဲ့ ပတ်သက်လို့ တရားလိုပြသက်သေ ရဲအရာရှိတဦးကို ဒီအပတ်ရုံးချိန်းမှာ စစ်ဆေးခဲ့ပါတယ်။ ရသေ့တောင်မှာကျင်းပခဲ့တဲ့ စာပေဟောပြောပွဲနဲ့ ပတ်သက်လို့ နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုအပါ အဝင် ပုဒ်မ ၃ ခုနဲ့ အမှုရင်ဆိုင်နေရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ဇွန်လ၂၇ ရက်နေ့ ရုံးထုတ်စစ်ဆေးခဲ့တာပါ။ စွဲထားတဲ့အမှုတွေမှာ တရားလိုပြသက်သေရဲအရာရှိကို ဒေါက်တာအေးမောင်ရဲ့ ရှေ့နေ ဦးအောင်ကျော်စိန်နဲ့ စာရေးဆရာဝေဟင်အောင်ရှေ့နေ ဒေါ်အေးနုစိန်တို့က စစ်ဆေးခဲ့ပါ တယ်​။ ဒေါက်တာအေးမောင်အမှုကို လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွန့်မောင်က “သမိုင်းကြောင်းအရ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေကို မေးပါ တယ်။ ဦးဝေဟင်အောင်၁၂၂ နဲ့မညီဘူး။ နိုင်ငံတော်ပုန်ကန်မှုနဲ့ မညီဘူးဆိုတာကို မေးပါတယ်။ နောက်တခါ ဒေါက်တာအေးမောင်ရှေ့နေဖြစ်တဲ့ ဥပဒေကြောင်း အရမေးတယ်။ ဒီကနေ့ စစ်တွေခရိုင်တရားရုံးမှာ နိုင်ငံတော်ပုန်ကန်မှုရယ်။ နောက်ပြီးတော့ ၅ဝ၅ ရယ်။ ၁၇ (၁) သုံးမှုလုံး အတွက်ကို သက်သေပါတဲ့အတွက်သုံးမှုလုံးကို အဲ့ဒီသက်သေကိုစစ်ပါတယ်”ပြောပါတယ်။ ဒေါက်တာအေးမောင်အမှုနဲ့ပတ်သက်လို့ အရင်က တရားလိုတဦးဖြစ်တဲ့ ဒုတိယ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဦးကို စစ်ဆေးခဲ့ပါတယ်။ ဇွန်လ၂၇ ရက်နေ့ ရုံးချိန်းမှာတော့ တရားလိုပြသက်သေတဦးဖြစ်တဲ့ ရဲအုပ်ခိုင်စိုးထွန်းကို စစ်ဆေးခဲ့တာပါ။ ဒေါက်တာအေးမောင်ရှေ့နေ ဦးကျော်ညွန့်မောင်က တရားလိုဘက်က အားလုံး စစ်ဆေးပြီးမှသာ အမှုရဲ့အခြေ အနေတွေကို သုံးသပ်လို့ရမယ်လို့ ပြောပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ်မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲနဲ့ပတ်သက်လို့ နိုင်ငံတော်သစ္စာ ဖောက်ဖျက် ပုန်ကန်မှုပုဒ်မ ၁၂၂ နိုင်ငံတော် အကြည်အညိုပျက်စေမှု ပုဒ်မ ၅ဝ၅ (ခ) (ဂ) မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇/၁ တို့နဲ့ ဖမ်းဆီးပြီး တရားစွဲထားတာဖြစ်ပါတယ်။ သတင်း၊ ဓာတ်ပုံ- ဝဏ္ဏခွာညို
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024