Home
မြန်မာသတင်း
ကလေးခရိုင်တွင်  ၆ လအတွင်း မူးယစ်ဆေးဝါးမှု ၆ဝ ကျော် ဖမ်းဆီးအရေးယူ
DVB
·
June 28, 2018
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်အတွင်း အခုနှစ် ပထမ ၆ လပိုင်း  မကုန်ခင်မှာ မူးယစ်ဆေးဝါးမှု ၆ဝ ကျော်၊ တရားခံ ၈၆ ဦးကို ဖမ်းဆီးအရေးယူထားတယ်လို့ ကလေးခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးရွှေဝင်း ပြောပြချက်အရ သိရပါတယ်။ “ကလေးခရိုင်မှာ ဇန်နဝါရီ ၁ ရက်ကနေ ဇွန် ၁၃ ထိ မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ အမှုပေါင်း ၆ဝ ကျော်ရှိတယ်။ အဲဒီအထဲမှာ တရားခံ ၈၆ ဦး ဖမ်းဆီး တရားစွဲဆိုခဲ့ပြီး အမျိုးသမီး ၁ဝ ဦးပါဝင်ပါတယ်။" လို့ ဒုရဲမှူးကြီး ရွှေဝင်းကပြောပါတယ်။ ကလေးခရိုင်မှာ ကလေး၊ ကလေးဝ၊ မင်းကင်း ဆိုတဲ့ မြို့ ၃မြို့ရှိပြီး ၂ဝ၁၇ ခုနှစ်ကလည်း မူးယစ်ဆေးဝါးမှု ၁၅ဝ မှု ရှိခဲ့ကာ တရားစွဲဆိုခံရသူပေါင်း ၂၂၆ ဦးရှိခဲ့တဲ့အထဲ အမျိုးသမီး ၂၇ ဦး ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ကလေး မူးယစ်တပ်ဖွဲ့စု ၅ တပ်ဖွဲ့စုမှူး ဒုရဲမှူးတင်စိုးက “မူးယစ်ဆေးဝါး လျော့ချဖို့ ကျနော်တို့အနေနဲ့ ပညာပေးလုပ်မယ်။ အညင်သာဆုံး နည်းနဲ့ ပြောမယ်။ မရရင်တော့ ဥပဒေအရ အရေးယူမှုတွေ ပြုလုပ်သွားမယ်။ မူးယစ်ဆေး လျှော့ချရေးအတွက် ရဲတပ်ဖွဲ့ကို တာဝန်သိစွာနဲ့ ပြည်သူကလည်း ကူညီပေးကြပါ" လို့ ပြောပါတယ်။ ကလေးခရိုင်မှာ မူးယစ်ဆေးဝါးဖမ်းဆီးမှုအနေနဲ့ ၂ဝ၁၇ ခုနှစ်က ၁၅ဝ မှုမှာ တန်ဖိုး ကျပ် ၈၄၄ သိန်းကျော်နဲ့ ယခုနှစ် ၆ လပိုင်းအတွင်း မူးယစ်ဆေးဝါးဖမ်းဆီးမှု ၆၄ မှုမှာ စုစုပေါင်း တန်ဘိုး ကျပ် ၁၆၇ သိန်းကျော် ရှိပြီလို့လည်း ခရိုင်ရဲတပ်ဖွဲ့မှတ်တမ်းအရ သိရပါတယ်။ မင်းရဲစစ်နိုင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024