Home
မြန်မာသတင်း
ပြောင်းလဲနေသည့် ယနေ့ သီးနှံဈေးနှုန်းများ
DVB
·
June 27, 2018

နွေသီးထပ်ဆန်

ရန်ကုန်ဝါးတန်းကုန်စည်ဒိုင်မှာ နွေသီးထပ်ဆန်က တစ်အိတ်ကို ၂၂၈၀၀ ကနေ ၂၃၅၀၀ ပေါက်ဈေးရှိပြီး တစ်အိတ်ကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။

မတ်ပဲ

ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ မတ်ပဲက တစ်တန်ကို ၄၂၆၀၀၀ ပေါက်ဈေးရှိပြီး မနေ့ကထပ် တစ်တန်ကို ငွေကျပ် ၁၂၀၀၀ ဈေးကျဆင်းသွားပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ တစ်တန်ကို ၄၇၃၀၀၀  ပေါက်ဈေးရှိပြီး တစ်တန်ကို ၁၂၀၀၀ ဈေးကျဆင်းသွားပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ ဒီနေ့မှာ တစ်ပိဿာကို ၁၂၈၀ ကနေ ၂၁၇၀ ပေါက်ဈေးရှိပြီး ဈေးအပြောင်းအလဲ မရှိပါဘူး။

ပဲကြီး(ကုန်း)

ပဲကြီး(ကုန်း)ကတော့ ဒီနေ့မှာ တစ်ပိဿာကို ၁၄၇၅ ကျပ်ကနေ ၁၅၃၅ ကျပ်ပေါက်ဈေးရှိပြီး တစ်ပိဿာကို ၅၅ ကျပ်ဈေးတက်လာတယ်။

ပဲလွန်းဖြူ

ပဲလွန်းဖြူကတော့ တစ်ပိဿာကို ၂၀ ကျပ်ဈေးကျဆင်းသွားပြီး ဒီ နေ့ပေါက်ဈေးက တစ်ပိဿာကို ၁၂၃၀ ကနေ ၁၂၅၀ ပေါက်ဈေးရှိပါတယ်။

ကုလားပဲဖြူလုံး

ကုလားပဲဖြူလုံးကတော့ တစ်ပိဿာကို ၁၅ ကျပ်ဈေးတက်လာပြီး ဒီနေ့ပေါက်ဈေးက တစ်ပိဿာကို ၁၀၈၅ ကျပ်ကနေ ၁၁၀၀ ရှိပါတယ်။

ကြက်သွန်နီ

ကြက်သွန်နီကတော့ ဒီနေ့ပေါက်ဈေးက တစ်ပိဿာကို ၅၀၀ ကနေ ၅၅၀ ရှိပါတယ်။

ဖော်ပြထားတဲ့ သီးနှံတွေထဲက ဆန်ဈေးကတော့ တက်လာပါတယ်။ ဆန်လက်ကျန်နည်းနေတဲ့အတွက် ဆန်ချော ရော ဆန်ကြမ်းပါ ဈေးမြင့်နေပါတယ်။ လက်ရှိမှာ ဈေးနည်းပေမယ့် အရောင်းအ၀ယ်ကတော့ ပုံမှန် ရှိနေပါတယ်။ဆန်ချောက ၁၀ ရက်အတွင်း တစ်အိတ်ကို အနိမ့်ဆုံးဈေး ၅၀၀ ကနေ ၂၀၀၀ ကျော်အထိ ဈေးမြင့်တက်လာပြီး ဆန်ကြမ်းကတော့ ၁၀ ရက်အတွင်း တစ်အိတ်ကို အမြင့်ဆုံးဈေး ၁၅၀၀ အထိ ဈေးတက်လာပါတယ်။

နောက်သီးနှံတစ်ခုကတော့ ပဲတီစိမ်းဈေးပဲ ဖြစ်ပါတယ်။် အသစ်ထွက်ရှိတဲ့ ပဲတွေက အရည်အသွေးညံ့ ပြီး ဈေးက ကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ အပတ်ကတည်းက ဈေးက ကျဆင်းနေခဲ့တာဖြစ်ပြီးတော့ တစ်တင်းကို ၁၀၀၀၀ နီးပါးကျဆင်းသွားပါတယ်။ လက်ရှိမှာ ပဲအသစ်ထက် ပဲအဟောင်းက ဈေးပိုရရှိနေပါတယ်။

အခုဖော်ပြသွားတဲ့ဈေးနှုန်းတွေက အချိန်နဲ့အမျှပြောင်းလဲမှုတွေ ရှိနိုင်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024