ကမ္ဘာ့ဖလားအိမ်ရှင် ရုရှားရှိ ဟိုတယ်တလုံး ဗုံးခြိမ်းခြောက်ခံရ၊ တည်းခိုသူများကို ရွှေ့ပြောင်း

ရုရှားနိုင်ငံအတွင်း ကမ္ဘာ့ဖလားဘောလုံးပွဲ လက်ခံကျင်းပရာ ရာစတို့ဗ် ဗွန်ဒါနွန်မြို့က ဟိုတယ်တလုံးမှာ ဇွန်လ ၂၆ ရက် နှောင်းပိုင်းက ဗုံးခြိမ်းခြောက်မှု ရှိခဲ့လို့ တည်းခိုနေတဲ့လူတွေကို ရဲတွေက ဘေးကင်းရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ကွန်ဂရက်စ်တိုပိုစာ ဟိုတယ်ကို ကမ္ဘာ့ဖလားပွဲအတွက် တရားဝင်ဟိုတယ်အဖြစ် ကမ္ဘာ့ဘောလုံးအသင်းချုပ် (ဖီဖာ) က သတ်မှတ်ပေးထားတာပါ။ ဒါပေမယ့် ပြိုင်ပွဲဝင် ဘယ်အသင်းမှ ဒီဟိုတယ်မှာ မနေကြဘူးလို့ ဖီဖာရဲ့ စာရွက်စာတမ်းတွေကို ကိုးကားပြီး ရိုက်တာသတင်းဌာနက ဖော်ပြပါတယ်။ ဟိုတယ်အပြင်မှာ မီးသတ်ကား အနည်းဆုံးတစီး ရပ်ထားပြီး ရဲတွေက လမ်းပေါ်မှာ ဝန်ထမ်းတွေနဲ့ ဧည့်သည်တွေကို မေးမြန်းနေတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ ရုရှားတောင်ပိုင်းက ဒီမြို့မှာ ကမ္ဘာ့ဖလားဘောလုံးပွဲ လေးပွဲ လက်ခံကျင်းပခဲ့ပြီးပါပြီ။ ဇူလိုင် ၂ ရက်နေ့မှာ နောက်တပွဲကို ကျင်းပဖို့ စီစဉ်ထားပါတယ်။ ကမ္ဘာ့စင်မြင့်မှာ အထီးကျန်မှု တိုးလာနေတဲ့ ရုရှားနိုင်ငံဟာ ကမ္ဘာ့ဖလားဘောလုံးပွဲကိုသုံးပြီး သူ့နိုင်ငံ တည်ငြိမ်ကြံ့ခိုင်တဲ့ ပုံရိပ်ကို ပြဖို့ အားသန်နေတယ်လို့ မီဒီယာတွေက သုံးသပ် အစီရင်ခံထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up