Home
မြန်မာသတင်း
ဒေါ်လာ ၆၆ သန်းတန်ဖိုးရှိ မူးယစ်ဆေးဝါးများ ရန်ကုန်တွင် မီးရှို့ဖျက်ဆီး
DVB
·
June 26, 2018
မြန်မာပြည်အောက်ပိုင်းဒေသတွေမှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါး (၂၅)မျိုး  ကာလ ပေါက်ဈေး မြန်မာငွေကျပ်သန်း ၈၉၅၈၄.၅၁၂၂ (အမေရိကန်ဒေါ်လာ ၆၆.၃၅၈၈၉၇၉၂) သန်း လောက်ရှိတဲ့ မူးယစ်ဆေးဝါးတွေကို ဒီကနေ့  ရန်ကုန်မှာ မီးရှို့ ဖျက်ဆီးလိုက်ပါတယ်။ အပြည်ပြည် ဆိုင်ရာမူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမ၀င်ရောင်းဝယ်မှုတိုက်ဖျက် ရေးနေ့ အထိမ်းအမှတ်အဖြစ် ဇွန်လ ၂၆ ရက် မနက်က ရန်ကုန် လှိုင်သာယာမြို့နယ်ရှိ ရန်ကုန် အနောက်ပိုင်း ကုန်တင်ယာဉ်ရပ်နားကွင်းမှာ  အခမ်းအနားနဲ့ မီးရှို့ဖျက်ဆီးခဲ့တာပါ။ ဒီကနေ့ မီးရှို့ ဖျက်ဆီးတဲ့ မူးယစ်ဆေးဝါးတွေဟာ  ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ အမှတ်(၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့၊ အမြန်လမ်းမကြီးရဲတပ်ဖွဲ့တို့မှ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေဖြစ်တယ်လို့ ရဲမှူးချုပ် ၀င်းနိုင်က ပြောပါတယ်။ ဓာတ်ပုံ - Yangon Police
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024