Home
မြန်မာသတင်း
ရန်ကုန်တွင် မိုးသည်းထန်စွာရွာသွန်းသဖြင့် မြို့နယ်တချို့ ရေကြီးရေလျှံ
ပိုင်စိုး
·
June 26, 2018
36228645_2173040859502642_2845998995669516288_n
36176928_487870714977070_6097487374172815360_o
36088346_414879912321643_8203206223315599360_n
35882996_10214947854028733_4956032663447142400_n
35194232_270398093531616_3607618670026555392_n
35118937_2173041026169292_6336734558846713856_n
34962717_2160065180931637_9124134072996593664_n
ဒီရက်ပိုင်းတွေအတွင်း ရန်ကုန်မှာ မိုးသည်းထန်စွာရွာသွန်းနေတဲ့အပြင် လေပြင်းတွေပါ တိုက်ခတ်ခဲ့လို့ လမ်းမတွေပေါ်မှာ ရေလျှံတာ၊ အပင်ကြီးတွေနဲ့ ဆိုင်းဘုတ်ကြီးတွေ ပြိုလဲတာတွေ ဖြစ်ခဲ့ပါတယ်။ ဇွန်လ ၂၃ ရက် ညနေပိုင်းကတည်းက မိုးရွာပြီး ဗဟန်းမြို့နယ်၊ ဆရာစံပလာဇာရှေ့၊ ဗဟို သမဝါယမစီးပွားရေးအဆောက်ဦဝင်းထဲမှာ အမြင့်ပေ ၃၀ လောက်ရှိတဲ့ သစ်ဆိမ့်ပင်လဲကျပြီး ကားပေါ်ကို ပိမိခဲ့တယ်လို့ မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ သတင်းအရ သိရပါတယ်။ မနေ့က ဇွန်လ ၂၅ ရက်နေ့မှာလည်း စမ်းချောင်းမြို့နယ်မှာ ဗာဒံပင်တပင်နဲ့ ပိတောက်ပင် တပင် လမ်းပေါ်ကို လဲကျသွားလို့ ရှင်းလင်းခဲ့ရသလို မုန့်လက်ဆောင်းတောင်ရပ်ကွက်၊ ဟံသာဝတီ အဝိုင်းနားမှာ ကြော်ငြာ ဆိုင်းဘုတ်ကြီး ပြိုလဲခဲ့ပါတယ်။ အဲဒီနေ့မှာပဲ ရန်ကင်းမြို့နယ်၊ အမှတ် ၁၄ ရပ်ကွက် မိုးကောင်းလမ်းထိပ်မှာ သစ်ပင်လဲကျပြီး ကား ၁ စီးပေါ်ပိမိခဲ့ပါတယ်။ ဗဟန်းမြို့နယ်၊ ဆရာစံလမ်းမကြီးပေါ်မှာ အမြင့် ၂၀ ပေလောက်ရှိတဲ့ ဘောလုံးပန်းပင်လဲကျပြီး ဓာတ်ကြိုးပေါ်တင်နေလို့ မီးသတ်တပ်ဖွဲ့က သွားရောက်ရှင်းလင်းခဲ့ ပါတယ်။ တောင်ဥက္ကလာပ မြို့နယ်၊ ၁၁ ရပ်ကွက်၊ ရာဇသင်္ကြန်ဈေးထဲမှာလည်း ညောင်ပင်လဲသွားလို့ စည်ပင်အဖွဲ့က ရှင်းလင်းခဲ့ရပါတယ်။ ဇွန်လ ၂၄ ရက်၊ ၂၅ ရက်နဲ့ ဒီနေ့မှာလည်း မိုးရွာသွန်းလို့ ကမာရွတ်မြို့နယ်က လှည်းတန်း၊ ဗဟန်းမြို့နယ် ရွှေတိဂုံဘုရားအနား၊ ဦးဝိစာရလမ်း၊ စမ်းချောင်းမြို့နယ် ဗဟိုလမ်း၊ တောင်ဥက္ကလာပမြို့နယ်က စက်မှုဇုန် ၆ လမ်းနဲ့  ဝေဇယန္တရာ လမ်းမပေါ်နဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် မြန်မာ့ဂုဏ်ရည်လမ်းမှာလည်း ရေလျှံတာတွေ ဖြစ်ခဲ့ပါတယ်။ ရန်ကုန်မှာ လေပြင်းတွေတိုက်ပြီး မိုးကြီးရေလျှံတာကြောင့် လူတွေ ထိခိုက်ဒဏ်ရာရတဲ့ သတင်းတွေကတော့ မကြားသိရသေးပါဘူး။  
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024