Sunday, June 11, 2023
Homeမြန်မာသတင်းခုိးမႈျဖင့္စြပ္စြဲသည့္အျပင္ ကေလးနွစ္ဦးကုိပါ ဓားစာခံအဖြစ် ခေါ်ယူ

ခိုးမှုဖြင့်စွပ်စွဲသည့်အပြင် ကလေးနှစ်ဦးကိုပါ ဓားစာခံအဖြစ် ခေါ်ယူ

ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ အိမ်ဖော်တဦးကို အိမ်ရှင်က ရွှေခိုးတယ်လို့ စွပ်စွဲတဲ့အပြင် ကလေးငယ်နှစ်ဦးကိုလည်း ဓားစားခံအဖြစ် ခေါ်ယူထားတယ်လို့ အိမ်ဖော်ဖြစ်သူက ပြောပါတယ်။

သားသမီး ၃ ဦးရဲ့ မိခင် မအေးအေးမူဟာ မိသားစု စားဝတ်နေရေးအတွက် စစ်ဗိုလ်တဦးရဲ့ နေအိမ်မှာ အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်နေသူပါ။

အိမ်ရှင်အမျိုးသမီး ဒေါ်မိုးမိုးက မအေးအေးမူရဲ့ ကလေးတွေကို အမွေစား အမွေခံအဖြစ် မွေးစားဖို့ ကနဦးပိုင်းက တောင်းဆိုခဲ့ပြီး အဲဒီတုန်းက သူ ငြင်းဆန်ဖူးတယ်လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၆ ရက် နေ့မှာ အိမ်ရှင်ဒေါ်မိုးမိုးဟာ သူ့အိမ်က ရွှေထည်ပျောက်ရာမှာ မအေးအေးမူကို စွပ်စွဲပြီး စစ်တပ်ကို တိုင်တန်းခဲ့ပါတယ်။ စစ်တပ် စကခ ၅ က ရဲဘော် ၄ ဦးက ဒေါ်အေးအေးမူကို ဖမ်းဆီးပြီး ပျောက်ဆုံးသွားတဲ့ ရွှေကို ပြန်ပေးဖို့ ရိုက်နှက်စစ်ဆေးခဲ့တယ်လို့ မအေးအေးမူက ပြောပါတယ်။

“စစ်သား ၄ ယောက်က ရိုက်ပြီး ရွှေပြန်ပေးလို့ တောင်းတယ်။ မယူထားတော့ မရှိဘူးလေ။ မပေးနိုင်တော့ ကလေး ၂ ယောက်ကို အဲ့ပစ္စည်း ပြန်ရမှ ပေးမယ်ဆိုပြီး ခေါ်ထားတယ်။”

ဒါအပြင် အိမ်ရှင်အမျိုးသမီးက သူရဲ့ ကလေး ၃ ဦးထဲက အငယ်နှစ်ဦးဖြစ်တဲ့ ရီရီလှိုင် ၆ နှစ်နဲ့ ဖြူဖွေး ၃ နှစ်တို့ကို ခေါ်ယူထားပြီး ငွေ ၃ သိန်းကို ပြန်ပေးမှ ကလေးတွေကို ပြန်ပေးမယ်လို့ ပြောဆိုခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

“ဇွန်လ ၂၃ ရက်နေ့က ကလေး ၂ယောက်ကို အပေါင်ထားပြီး ပစ္စည်းပေးမှ ပြန်လာရွေးရမယ် ဆိုပြီး လက်မှတ်ထိုးခဲ့ရတယ်။ ငွေ ၃ သိန်းပေးမှ ကလေးတွေ ပြန်ပေးမယ်တဲ့။ ကျမမှာ ပေးစရာလည်း မရှိ။ ယူလည်း မယူထားဘူး။ သူတို့ ရိုက်မှာကြောက်လို့ လက်မှတ်ထိုးခဲ့ရတယ်။”

ရိုက်နှက်တာလည်းခံခဲ့ရသလို ကလေးကိုပါ အခုလို ခေါ်ဆောင်ထားတဲ့အတွက် တောင်ကုတ်မြို့က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တွေဆီကို အကူအညီတောင်းခံပြီး ဇူလိုင် ၇ ရက်နေ့က မြို့နယ်ပြည်သူ့ရဲတပ်ဖွဲ့မှာ အမှုဖွင့်ထားတယ်လို့ မအေးအေးမူကို ကူညီပေးတဲ့ အဖွဲ့ချုပ်ဝင် ဦးခင်လှက ပြောပါတယ်။

“မြို့နယ်မှူး ပြည်သူ့ရဲတပ်ဖွဲ့ကို အမှုဖွင့်ထားတယ်။ အကြောင်းအရာက မတော်မတရား စွပ်စွဲညှဉ်းပန်း နှိပ်စက် ရိုက်နှက်မှုကို ဥပဒေအကြောင်းအရ အရေးယူပေးပါရန် ဆိုပြီး ဖြစ်စဉ်ကို လည်း ရေးပြထားတယ်။”

RELATED ARTICLES
- Advertisment -
Google search engine

Most Popular