စိန်သရဖူချီးမြှင့်မည့် Miss Universe Mandalay 2018 အလှမယ်ပြိုင်ပွဲ ကျင်းပမည်
DVB
·
June 26, 2018
၂၀၁၈ ခုနှစ် Miss Universe Mandalay အလှမယ်ပြိုင်ပွဲကို လာမယ့် ဇွန်လ ၂၈ ရက်နေ့ မန္တလေးမြို့၊ မြို့တော်ခန်းမမှာ ကျင်းပသွားဖို့ရှိပါတယ်။
ဒီပြိုင်ပွဲဟာ ၄ ကြိမ်မြောက် ကျင်းပတဲ့ ပြိုင်ပွဲဖြစ်ပြီး အဆိုတော် မရန်ဆိုင်းနော်ရဲ့ Maran Entertainment က စီစဉ်တာ ဖြစ်ပါတယ်။
ပြိုင်ပွဲမှာ Winner ရတဲ့ အလှမယ်ကို စိန်သရဖူ ချီးမြှင့်မှာ ဖြစ်ပြီး Miss Universe Myanmar 2019 မှာ ၀င်ရောက်ယှဉ်ပြိုင်စေမှာ ဖြစ်တယ်လို့ ကြေညာထားပါတယ်။
First Runner Up နဲ့ Second Runner Up ဆုရရှိတဲ့ အလှမယ်တွေကိုတော့ ငွေ ကျပ် ၁၀ သိန်းနဲ့ ၅ သိန်းစီအပါအ၀င် တခြား Title ဆုတွေလည်း ပေးအပ်သွားဖို့ရှိပါတယ်။