ပရိသတ် အကြိုက်တွေ့စေမည့် သိပ္ပံလျှို့ဝှက်ဆန်းကြယ် Hover ရုပ်ရှင် (နမူနာ)

သိပ္ပံလျှို့ဝှက်ဆန်းကြယ် ပရိသတ်တွေ အကြိုက်တွေ့စေမယ့် ရုပ်ရှင်ကားတကားဖြစ်တဲ့ Hover အမည်ရ ရုပ်ရှင်ကားကို လာမယ့် ဇွန် ၂၉ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ Syfy Films ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်လိုက်တဲ့ ဒီရုပ်ရှင်ကားကိုတော့ ဒါရိုက်တာ Matt Osterman က ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါတယ်။ ဒီကားကို သရုပ်ဆောင်မင်းသမီး Cleopatra Coleman က သူကိုယ်တိုင် ဇာတ်ညွှန်းခွဲပြီး ကိုယ်တိုင်လည်း အဓိကသရုပ်ဆောင်တဦး အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ မကြာတော့မယ့် အနာဂတ်ကာလကို ပုံဖော်ရိုက်ကူးထားတဲ့ ဒီဇာတ်ကားထဲမှာတော့ သဘာဝဝန်းကျင်ဆိုင်ရာ ဖောက်ပြန်ပြောင်းလဲမှုတွေကြောင့် ကမ္ဘာကြီးမှာ မိုးခေါင်ရေရှားမှုတွေ ဖြစ်လာပြီး အစာရေစာ ရှားပါးပြတ်လပ်မှုတွေ ကြုံတွေ့ရတော့မယ်။ အဲဒီကာလမှာ ကျန်ရှိနေသေးတဲ့ မြေဧရိယာပေါ်က စိုက်ပျိုးမြေတွေကို အသုံးပြုလို့ရအောင် စိုက်ပျိုးရေးနည်းပညာဆိုင်ရာ ဒရုန်းယာဉ်တွေ အသုံးပြုပြီး တိုးချဲ့နိုင်ဖို့ လုပ်ဆောင်နေကြရတယ်။ Claudia နဲ့ John တို့က ဒီအခြေအနေမှာ လူတွေကို အကူအညီပေးနေကြတဲ့ သူ ၂ ယောက်ဖြစ်ပြီး တရက်မှာတော့ John ဟာ ထူးဆန်းတဲ့ အခြေအနေတခုနဲ့  သေဆုံးသွားခဲ့တယ်။ ဒါဟာ ဘာကြောင့်ဖြစ်ရတာလဲ။ သူတို့အသုံးပြုနေတဲ့ ဒရုန်းယာဉ်အသုံးပြု စိုက်ပျိုးရေးနည်းပညာနဲ့ ဒီသေဆုံးရမှုဟာ ပတ်သက်နေသလား။ Claudia ဟာ ဒီအဖြေကို သိရအောင် ဖော်ထုတ်ဖို့ ကြိုးစားချိန်မှာတော့ ဘာတွေဆက်ဖြစ်လာမလဲ ဆိုတာကို ရှုစားကြရမှာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် ၈၆ မိနစ်ရှိတဲ့ ဒီရုပ်ရှင်ကားထဲမှာ Claudia နဲ့ John အဖြစ် သရုပ်ဆောင်မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Cleopatra Coleman နဲ့ Craig muMs Grant တို့က အတွဲညီညီ ခေါင်းဆောင်ပါဝင်ထားကြတာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up