ဝါရင့်သရုပ်ဆောင်ပေါင်းများစွာ ပါဝင်သည့် ဟာသဇာတ်မြူးရုပ်ရှင်-ပင်လယ်ကြီးကဘာပြောလဲ (နမူနာ)
DVB
·
June 26, 2018

ဝါရင့်သရုပ်ဆောင်တွေ အများကြီးနဲ့ ပုံဖော်ရိုက်ကူးထားတဲ့ ပင်လယ်ကြီးက ဘာပြောလဲ အမည်ရတဲ့ မြန်မာဟာသ ဇာတ်မြူးရုပ်ရှင်ကားကို ဇွန်လ ၂၂ ရက်နေ့က စတင်ပြီး ရုံတင်ပြသနေပါတယ်။
ဒီကားကိုတော့ ရာမညရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ အောင်သြဘာ က ရိုက်ကူးထားတာ ဖြစ်ပါတယ်။
ဇာတ်လမ်းနဲ့ ဇာတ်ညွှန်းကတော့ ဇော်မြင့်ဦးဖြစ်ပြီး ကမ်းခြေဟိုတယ်က ၀န်ထမ်း တွေရဲ့ အလွဲတွေနဲ့ ဧည့်သည်တွေကြားက အချစ်ရေး၊ အိမ်ထောင်ရေး၊ လူမှုရေး အရှုပ် တော်ပုံတွေကြား အခြေအနေတွေကို ဟာသဆန်ဆန် ပုံဖော်ရိုက်ကူးထားတာ ဖြစ်ပါ တယ်။
ဒီကားထဲမှာတော့ ပင်လယ်ကမ်းခြေ အလှအပတွေနဲ့ ဟာသဆန်ဆန် ရိုက်ချက် တွေကြားမှာ ဘယ်လိုပျော်ရွှင်မှုတွေ ပေးမလဲဆိုတာကို ခံစားကြရမှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ ၀ါရင့် သရုပ်ဆောင် မင်းသားမင်းသမီးတွေ ဖြစ်ကြတဲ့ ခန့်စည် သူ၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ဖြိုးငွေစိုး၊ စိုးမြတ်သူဇာ၊ အိချောပို၊ သန္တာဗိုလ်၊ ရတနာဗိုလ် တို့နဲ့အတူ တခြားဟာသ သရုပ်ဆောင်တွေလည်း အများကြီး ပါဝင်ထားကြတာ ဖြစ်ပါတယ်။