Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီညီလာခံတွင်  အိတ်ပိတ်စာပေးပြီး မဲထည့်ခိုင်းခဲ့ခြင်းမရှိဟုငြင်းဆို
စိုးမိုးအောင်
·
June 25, 2018
DrZawMyintMaung24062018
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာညီလာခံမှာ ကိုယ်စားလှယ်တွေကို အိတ်ပိတ်စာပေးပြီး မဲထည့်ခိုင်းခဲ့တာ မရှိဘူးလို့ ပါတီ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ဒေါက်တာဇော်မြင့်မောင်က ငြင်းဆိုလိုက်ပါတယ်။ ညီလာခံမကျင်းပမီမှာ ဗဟိုကော်မတီဝင်အသစ်တွေနဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်သစ်တွေစာရင်းတွေကို ပါတီကနေ စာအိတ်နဲ့ပိတ်ပြီး စာရင်းပါအတိုင်း ညီလာခံ ကိုယ်စားလှယ်တွေက မဲပေးရမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့တာပါ။ ဒီသတင်းနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိတာကြောင့် ညီလာခံအပြီး သတင်းစာ ရှင်းလင်းပွဲမှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုကို ဒေါက်တာဇော်မြင့်မောင်က အိတ်ပိတ်စာ ပို့တယ်ဆိုတာ မဟုတ်ဘူးလို့ ပြန်လည်ငြင်းဆို လိုက်တာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယအကြိမ်နိုင်ငံလုံးဆိုင်ရာညီလာခံကို ရန်ကုန်မြို့ Myanmar Convention Centreမှာ ဇွန်လ ၂၃ ရက်ကနေ ဇွန်လ ၂၄ ၇က်အထိ ကျင်းပခဲ့တာပါ။ အဲဒီညီလာခံကို တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ကိုယ်စားလှယ်ပေါင်း ၁ဝ၅၆ ဦးတက်ရောက်ခဲ့ပါတယ်။ အန်အယ်လ်ဒီပါတီ နိုင်ငံလုံးဆိုင်ရာညီလာခံ ပထမနေ့မှာ ဗဟိုကော်မတီဝင် ၁၄၈ ဦးနဲ့ အရံဗဟိုကော်မတီဝင် ၃ဝဦးကို ရွေးချယ်ခဲ့ပါတယ်။ ဒုတိယနေ့မှာတော့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင် ၆ ဦးနဲ့ အရံဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ၈ဦးကို အသစ်ရွေးချယ်လိုက်တာပါ။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024