နိုင်ဂျီးရီးယားအသင်းဝတ်စုံ အကောင်းဆုံးဒီဇိုင်းအဖြစ် မဲပေးခံရ

ကမ္ဘာ့ဖလားအသင်းတွေထဲမှာ နိုင်ဂျီးရီးယား ဘောလုံးအသင်းရဲ့ ဝတ်စုံဟာ အကောင်းဆုံးဒီဇိုင်းအဖြစ် မဲပေးခံရပြီး ခုချိန်ထိ ဝတ်စုံ ၃ သန်းလောက် ကြိုတင်ရောင်းချခဲ့ရတယ်လို့ နိုင်ဂျီးရီးယား ဘောလုံးအဖွဲ့ချုပ်က ပြောပါတယ်။ နီယွန်အစိမ်းရောင် ဇစ်ဇက် အကွက်ဖော်ထားကာ အနက်ရောင်လိုင်းတွေနဲ့ ဒီဇိုင်းကို Nike အားကစားပစ္စည်း ကုမ္ပဏီက ဖန်တီးခဲ့ပြီး တဆင့်ပြန်ရောင်းတဲ့ ဈေးကွက်တွေမှာ တစုံကို ဒေါ်လာ ၉ဝ ထိ ရောင်းဈေးရှိပါတယ်။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက သူတို့ဝတ်စုံဒီဇိုင်းကို ထုတ်ပြန်ခဲ့တဲ့နောက် Nike ဝက်ဘ်ဆိုက်နဲ့ Nike အားကစားပစ္စည်း အရောင်းဆိုင်တွေမှာ နိုင်ဂျီးရီးယားဂျာစီကို တိုးခွေ့ဝယ်ယူ အားပေးခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာလည်း နိုင်ဂျီးရီးယားဂျာစီ အတုတွေကို ၈ ဒေါ်လာလောက်နဲ့ ရရှိနိုင်ပြီး အရောင်းရဆုံးဒီဇိုင်း ဖြစ်နေတယ်လို့ သိရပါတယ်။ အိုက်စလန်ကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီးတဲ့နောက် နိုင်ဂျီးရီးယားဝတ်စုံကို ebay အပါအဝင် အွန်လိုင်းက တဆင့်ပြန်ရောင်းနေကြတဲ့သူတွေက ဈေးနှုန်းကို ၃ ဆတင်ပြီး ဒေါ်လာ ၃ဝဝ လောက်ထိ ဈေးခေါ်နေကြတယ်လို့ သိရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up