ချင်း​မိုင်က ဝပ်ဆိုင်မွန်း​ဘုန်း​ကြီး​ကျောင်း​ ထိုင်း​ပိုင်ပြုလုပ်​ရေး​ မြန်မာများ​ကန့်​ကွက်

ထိုင်း​နိုင်ငံ ချင်း​မိုင်မြို့​က ​ရှေး​ဟောင်း​ဝပ်ဆိုင်မွန်း​ မြန်မာဘုန်း​တော်ကြီး​ကျောင်း​ရဲ့​ ယာယီ​ကျောင်း​ထိုင်ဆရာ​တော်အဖြစ် ထိုင်း​ဆရာ​တော်တပါး​ကို ဒီ​နေ့​ အပ်နှင်း​ရာမှာ မြန်မာ​တွေက ဝိုင်း​ဝန်း​ကန့်​ကွက်ကြတဲ့​အတွက် ထိုင်း​ဘက်က ယာယီ အ​လျှော့​ပေး​လိုက်ပါတယ်။

အဲဒီဘုန်း​ကြီး​ကျောင်း​မှာ သွား​ရောက်သတင်း​ယူ​နေတဲ့​ ဒီဗွီဘီသတင်း​ထောက် သီရိထက်စံက “ထပ်​တွေ့​မယ့်​ရက်ကို ထိုင်း​အာဏာပိုင်​တွေက အ​ကြောင်း​ကြား​လာမယ်။ ဗမာအဖွဲ့​ဘက်က ကိုယ်စား​လှယ် ၅ ​ယောက်လာရမယ်။ သူတို့​နဲ့​လာပြီး​ ထပ်ပြီး​ ​ဆွေး​နွေး​ပါလို့​ ​ပြောတယ်။ အခု​လော​လောဆယ်က​တော့​ ယာယီ​ကျောင်း​ထိုင်ကို သူတို့​ဟာ သူတို့​ ပြန်​ခေါ်သွား​ပြီ” လို့​ ​ပြောပါတယ်။

ဒီ​နေ့​ ​ကျောင်း​ဝင်း​အတွင်း​ နှစ်ဖက် အ​ချေအတင်ဖြစ်ခဲ့​တာ​ကြောင့်​ ထိုင်း​ရဲလုံခြုံ​ရေး​တချို့​ ​ရောက်ရှိ ​စောင့်​ကြပ်ခဲ့​ပါတယ်။

ဝပ်ဆိုင်မွန်း​ကျောင်း​ဟာ ဘုရင့်​နောင် ချင်း​မိုင်ကို သိမ်း​ပိုက်စဉ်တုန်း​က တည်ထား​ကိုး​ကွယ်ခဲ့​တာဖြစ်ပြီး​ နှစ်​ပေါင်း​ ၄၅၀ ​ကျော်ခန့်​ မြန်မာဗိသုကာလက်ရာ​တွေ တည်ရှိ​နေတာ ဖြစ်ပါတယ်။ ​ကျောင်း​ထိုင်ဆရာ​တော်​ပေါင်း​ ၁၈ ဆက် ​ပြောင်း​လဲခဲ့​ပြီး​ လွန်ခဲ့​တဲ့​လအနည်း​ငယ်က အသက် ၉၀ ​ကျော် မြန်မာ​ကျောင်း​ထိုင်ဆရာ​တော် ပျံလွန်​တော်မူခဲ့​ပြီး​နောက် ထိုင်း​နိုင်ငံက သိမ်း​ယူဖို့​ ပြင်ဆင်​နေတာ ဖြစ်ပါတယ်။

ဒီ​နေ့​မွန်း​လွဲမှာ ထိုင်း​ဘုန်း​ကြီး​ကို ​ကျောင်း​ပေါ်တက်ပြီး​ ခန့်​လိုက်တဲ့​အတွက် အဲဒီ​ကျောင်း​မှာ ကြို​ရောက်ကြတဲ့​ မြန်မာ​တွေက ​မေး​တဲ့​အခါ မ​ဖြေတာ​ကြောင့်​ အခမ်း​အနား​ပြီး​တဲ့​အခါ ဝိုင်း​ကန့်​ကွက်ခဲ့​ကြတဲ့​အတွက် ​နောက်ဆုတ်သွား​တယ်လို့​ ဆိုပါတယ်။

သီရိထက်စံက “အဓိကပွိုင့်​ကျတာက​တော့​ ထိုင်း​တွေက ထိုင်း​ဥပ​ဒေအရ ဗမာ ဘုန်း​ကြီး​ပျံလွန်​တော်မူရင် သူတို့​သိမ်း​တယ်လို့​ပြောတယ်။ အဲဒီမှာ ဒကာ​တွေဘက်က ပြန်​ပြောတာက လူလုပ်တဲ့​ဥပ​ဒေက ဒီလိုရှိတယ်။ ဘုရား​မိန့်​ထား​တဲ့​ ဥပ​ဒေထဲမှာ ဒကာ​တွေက လိုလိုလား​လား​ ပင့်​ဖိတ်တာမရှိဘဲနဲ့​ သံဃာ​တော်က ဒီ​ကျောင်း​ပေါ်လာ​နေလို့​ရှိရင် ဒုတိယပါရာဇိကကျတယ်။ အဲဒါကို မလိုက်နာဘူး​လား​”လို့​ ဆိုပြီး​ မြန်မာဒကာ​တွေက ပြန်လည်​မေး​ခွန်း​ထုတ်ခဲ့​တယ်လို့​ ​ပြောပါတယ်။

မြို့​နယ်နဲ့​ရပ်ကွက်အဆင့်​က ခန့်​အပ်တာဖြစ်ပြီး​ ခရိုင်ဆရာ​တော်က ယာယီ​ကျောင်း​ထိုင်ခန့်​မယ့်​ကိစ္စကို သူ့​ကို အသိမ​ပေး​ဘူး​လို့​ မ​နေ့​က မြန်မာ​တွေ ​မေး​မြန်း​လျှောက်ထား​ရာမှာ မိန့်​ခဲ့​တယ်လို့​ ဆိုပါတယ်။

မြန်မာ​တွေကလည်း​ ဘုရင့်​နောင်လက်ထက်ကတည်း​ကတည်ခဲ့​တဲ့​ မြန်မာ​ကျောင်း​ကို မြန်မာ​တွေပဲ ဆက်လက်​ကျောင်း​ထိုင်ခွင့်​ရ​ရေး​ ကြိုး​ပမ်း​နေပါတယ်။

မြန်မာဒကာ​တွေက ဒီ​ကျောင်း​မှာ မြန်မာဘုန်း​ကြီး​တပါး​ပါး​ ဆက်လက် ​ကျောင်း​ထိုင်ခွင့်​ရ​ရေး​အတွက် ကြား​ဝင်ညှိနှိုင်း​ဆောင်ရွက်ဖို့​ မြန်မာအစိုး​ရနဲ့​ နိုင်ငံ​တော်သံဃမဟာနာယကအဖွဲ့​တွေထံ နှစ်ကြိမ်တင်ပြထား​ပြီး​ ဖြစ်တယ်လို့​ ပါဝင်​ဆောင်ရွက်သူ​တွေက ​ပြောပါတယ်။

နှစ်​ပေါင်း​ ၄၅၀ ​ကျော်သက်တမ်း​ရှိတဲ့​ ဝပ်ဆိုင်မွန်း​ကျောင်း​ဟာ မြန်မာလူမျိုး​တွေအတွက်သာမက ထိုင်း​လူမျိုး​တွေအတွက်ပါ သမိုင်း​ယဉ်​ကျေး​မှု အ​မွေအနှစ်တခု ဖြစ်ပါတယ်။

ဟံသာဝတီဆင်ဖြူများ​ရှင် ဘုရင့်​နောင်ဟာ ၁၅၅၈ ခုနှစ်မှာ လန်း​နား​ဘုရင့်​နိုင်ငံ ချင်း​မိုင်ကို သိမ်း​ပိုက်ပြီး​ ဝပ်ဆိုင်မွန်း​ဘုန်း​ကြီး​ကျောင်း​ကို တည်ထား​ကိုး​ကွယ်တယ်လို့​ သမိုင်း​မှတ်တမ်း​ ရှိပါတယ်။

[album: http://burmese.dvb.no/wp-content/plugins/dm-albums/dm-albums.php?currdir=/wp-content/uploads/dm-albums/wat sai mon/]

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up