Home
မြန်မာသတင်း
နွမ်းပါးကလေးများအတွက် စာရေးကိရိယာ လှူနိုင်မည့် အစီအစဉ် လူငယ်ပရဟိတအဖွဲ့ စတင်
ပိုင်စိုး
·
June 25, 2018
35239589_2288589448034624_4811291900499722240_n
34509147_2283547741872128_7887528038320046080_o
34413101_2281753788718190_5491297622750658560_n
34321454_2281753735384862_5130508661805809664_n
34319845_2281753642051538_4894023287132127232_n
34268539_2281753688718200_7452681690729676800_n
မိဘမဲ့ကလေးတွေ၊ ဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွေမှာ ပညာသင်ယူနေတဲ့ ဆင်းရဲ နွမ်းပါးပြီး ကျောင်းသုံးပစ္စည်းကိရိယာ အခက်အခဲရှိတဲ့ ကျောင်းသားတွေအတွက် မိတ်ဖက်ဆိုင် တွေမှာ စာရေးကိရိယာဝယ်ရင်း လှူဒါန်းနိုင်မယ့် အစီအစဉ်ကို လူငယ်ပရဟိအဖွဲ့တခုက  စတင်လိုက်ပါတယ်။ ‘ပိုဝယ်ခဲ့ပါ’လို့ အမည်ပေးထားတဲ့ ဒီအစီအစဉ်ကို ပေါင်းစည်းလူငယ်ပရဟိတအဖွဲ့က ဒီလဆန်းမှာ ရန်ကုန်မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖွဲ့နဲ့ ချိတ်ဆက်ထားတဲ့ စာရေးကိရိယာဆိုင်တွေမှာ ပစ္စည်းတွေ ဝယ်ယူရင် လှူဒါန်းမယ့် ပစ္စည်းတွေကို ပိုပြီး ဝယ်ယူရမယ့်ပုံစံ ဖြစ်ပါတယ်။ အဖွဲ့ရဲ့ ဘဏ္ဍာရေးတာဝန်ခံ မဆုမြတ်သွယ်က “လောလောဆယ်တော့ မြောက်ဥက္ကလာပမြို့နယ်မှာပဲ စတင်နိုင်ပါသေးတယ်။ ဆိုင် ၁၄ ဆိုင် ရှိပါတယ်။ မနေ့က ပစ္စည်းသွားယူတော့ ဆာလာအိတ်ကြီး ၅ အိတ်စာ ရပါတယ်။ တချို့က မသိကြတာရှိတယ်။ ဆိုင်ရှင်တချို့ကတော့ ရှင်းပြတယ်။ တချို့ကတော့လည်း လူငယ်တွေလုပ်တဲ့ ပရဟိတမို့လို့ မယုံကြတာလည်း ရှိတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။ မြောက်ဥက္ကလာပ မြို့နယ်ထဲမှာ ဒီအစီအစဉ် ကြော်ငြာဆိုင်းဘုတ်တွေ ထောင်ထားပြီး နီးစပ်ရာ မြို့နယ်တွေကိုလည်း ‘ပိုဝယ်ခဲ့ပါ’ အစီအစဉ် တိုးချဲ့နိုင်ဖို့ လုပ်နေတယ်လို့ ပြောပါတယ်။ လာမယ့်ရက်ပိုင်းမှာတော့ မကွေးတိုင်းထဲက ပရဟိတကျောင်းတချို့ကို သွားရောက်ပြီး လိုအပ်တာတွေကို လေ့လာမယ်လို့လည်း မဆုမြတ်သွယ်က ပြောပါတယ်။ “နောက်ထပ်အစီအစဉ်တခုလည်း စဖို့ ရှိပါတယ်။ မိဘတွေက အဆင်မပြေလို့ ကျောင်းမထားနိုင်တဲ့ ကလေးတွေကို တနှစ်စာ ကျောင်းစရိတ် ထောက်ပံ့ဖို့ပါ။ အခုကတော့ မြောက်ဥက္ကလာမှာ ၁၅ ယောက်လောက် စာရင်းရထားတယ်။ တနှစ်စာ ဘယ်လောက် ကုန်မလဲဆိုတာ တွက်ချက်ရမယ်” လို့ ပြောပါတယ်။ သူတို့ရဲ့ အစီအစဉ် လှုပ်ရှားတာတွေကို ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်မှာလည်း BUY MORE ဆိုတဲ့ နာမည်နဲ့ တင်ပြထားသလို ဖုန်း 0943154868 ကိုလည်း ဆက်သွယ်နိုင်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024