A d v e r t i s e m e n t With Us

အငြိမ်း​စား​ ဒုတိယဗိုလ်ချုပ်မှူး​ကြီး​ ကျန်း​မာ​ရေး​စောင့်​ရှောက်မှု ခံယူ

ဒုတိယဗိုလ်ချုပ်မှူး​ြကီး​ေဟာင်း ဦး​ေမာင်အေး

နိုင်ငံ​တော်​အေး​ချမ်း​သာယာ​ရေး​နဲ့​ ဖွံ့​ဖြိုး​ရေး​ကောင်စီ (ဖျက်သိမ်း​ပြီး​)ရဲ့​ ဒုတိယ ​ခေါင်း​ဆောင် ဒု-ဗိုလ်ချုပ်မှူး​ကြီး​ ဦး​မောင်​အေး​ (အငြိမ်း​စား​)ရဲ့​ ကျန်း​မာ​ရေး​ အ​ခြေအ​နေ ဆိုး​ဝါး​လာလို့​ ​နေပြည်​တော် တိုက်​ချောင်း​ တပ်မ​တော် ကုတင် ၁၀၀၀ စစ်​ဆေး​ရုံမှာ ကုသ​နေတယ်လို့​ အဲဒီစစ်​ဆေး​ရုံက အတည်ပြု​ပြောကြား​ပါတယ်။

[caption id="attachment_27704" align="alignright" width="300" caption="ဒုတိယဗိုလ်ချုပ်မှူး​ကြီး​​ဟောင်း​ ဦး​မောင်​အေး"][/caption]

ပြင်ဦး​လွင်နဲ့​ ​နေပြည်​တော်မှာ ​နေထိုင်တဲ့​ ဦး​မောင်​အေး​ဟာ မ​နေ့​က ​လေဖြန်း​ဝေဒနာ ခံစား​လာရတဲ့​အတွက် တိုက်​ချောင်း​ စစ်​ဆေး​ရုံကို ချက်ချင်း​ လာတင်တာလို့​ အဲဒီ​ဆေး​ရုံ အသိုင်း​အဝိုင်း​ကတဆင့်​ သိရပါတယ်။

မြန်မာနိုင်ငံကလာတဲ့​ သတင်း​တွေအရ​တော့​ ဦး​မောင်​အေး​ဟာ ဒီ​နေ့​ ​နေ့​လယ်ပိုင်း​ စင်ကာပူနိုင်ငံက ​ဆေး​ရုံမှာ သွား​ရောက် ကုသမှု ခံယူမယ်လို့​လည်း​ သိရပါတယ်။

အသက် ၇၅ နှစ်ရှိပြီဖြစ်တဲ့​ ဒုတိယဗိုလ်ချုပ်မှူး​ကြီး​ဟောင်း​ ဦး​မောင်​အေး​ဟာ ၁၉၅၅ ခုနှစ်က​နေ ၂၀၁၀ ခုနှစ် မတ်လအထိ ၅၅ နှစ်​လောက် တပ်မ​တော်ထဲမှာ တာဝန်ထမ်း​ဆောင်ခဲ့​ပါတယ်။ စစ်တက္ကသိုလ် ပထမ အပတ်သင်တန်း​ ဆင်း​ခဲ့​သူလည်း​ ဖြစ်ပါတယ်။

တပ်မ​တော်က အငြိမ်း​စား​ယူပြီး​ကတည်း​က ဇာတိ စစ်ကိုင်း​တိုင်း​ ​ရေဦး​မြို့​နယ် မှာ သာသနာ​ဘောင် ​ခေတ္တဝင်ခဲ့​ပြီး​တော့​ ပြင်ဦး​လွင်မြို့​မှာ စိုက်ပျိုး​ရေး​ လုပ်​နေတာလို့​ ကြား​သိရပါတယ်။

A d v e r t i s e m e n t With Us

More News
Up