၈၈ မျိုး​ဆက်​ကျောင်း​သား​များ​ တရုတ်-မြန်မာနယ်စပ်ကို သွား​ရောက်​လေ့​လာ

ငြိမ်း​ချမ်း​ရေး​လုပ်ငန်း​စဉ်​တွေ ပိုမိုတိုး​တက်ဖြစ်ထွန်း​စေဖို့​ ကြိုး​ပမ်း​ချက်အဖြစ် ၈၈ မျိုး​ဆက်​ကျောင်း​သား​ခေါင်း​ဆောင် ၄ ဦး​ဟာ တရုတ်-မြန်မာနယ်စပ်က ကချင်ဒုက္ခသည်စခန်း​တွေကို သွား​ရောက်​လေ့​လာ​နေပါတယ်။ ကိုမြ​အေး​၊​ ကိုပဏ္ဍိတ်ထွန်း​၊​ ကိုထွန်း​မြင့်​အောင်နဲ့​ ကိုစိုး​ထွန်း​တို့​ဟာ တရုတ်မြန်မာနယ်စပ် လိုင်ဇာ​ဒေသကို ဒီ​နေ့​ရောက်ရှိ ​လေ့​လာ​နေတယ်လို့​ ၈၈ မျိုး​ဆက် ​ကျောင်း​သား​ခေါင်း​ဆောင် ကိုကိုကြီး​က ​ပြောပါတယ်။ “အဓိက ရည်ရွယ်ချက်က​တော့​ ဒုက္ခသည်​တွေရဲ့​ အ​ခြေအ​နေကို ​လေ့​လာဖို့​နဲ့​ ​ဒေသမှာ တကယ်ဖြစ်ပျက်​နေတဲ့​ ငြိမ်း​ချမ်း​ရေး​ အ​ခြေအ​နေ​တွေကို ​လေ့​လာပြီး​တော့​ ငြိမ်း​ချမ်း​ရေး​ဖြစ်စဉ်​တွေကို ပိုပြီး​အား​ကောင်း​လာ​အောင် တတ်နိုင်သ​လောက် ​ဆောင်ရွက်သွား​မှာပါ။” ခရီး​စဉ်အ​သေး​စိတ်ကို ပြန်လာမှထုတ်ပြန်မယ်လို့​ ကိုကိုကြီး​က ​ပြောပါတယ်။ အဲဒီအဖွဲ့​ဟာ မ​နေ့​တုန်း​က ​ရွှေလီမြို့​မှာ ပွင့်​လင်း​လူ့​အဖွဲ့​အစည်း​ မိတ်ဆက် ​ဆွေး​နွေး​ပွဲတခုကို ​ဒေသခံအလုပ်သမား​တွေနဲ့​ ​ဆွေး​နွေး​ခဲ့​ပါတယ်။ ၈၈ မျိုး​ဆက် ​ကျောင်း​သား​တွေထဲက မနီလာသိန်း​နဲ့​ မမီး​မီး​တို့​ဟာလည်း​ လွန်ခဲ့​တဲ့​လပိုင်း​က အ​ရေး​ပေါ်အ​ခြေအ​နေ ထုတ်ပြန်ထား​တဲ့​ ရခိုင်ပြည်နယ်ကို သွား​ရောက်ပြီး​ ဒုက္ခသည်စခန်း​တွေကို သွား​ရောက် ​လေ့​လာကူညီခဲ့​ပါတယ်။ လိုင်ဇာမှာ ဌာနချုပ်ဖွင့်​ထား​တဲ့​ ကချင်လွတ်လပ်​ရေး​အဖွဲ့​ (​ကေအိုင်အို) ဟာ ၁၇ နှစ်ကြာ အပစ်ရပ်ထား​ခဲ့​ရာက မနှစ်က ဇွန်မှာ အပစ်ရပ်သ​ဘောတူညီချက် ပျက်ပြယ်ခဲ့​ပါတယ်။ တိုက်ပွဲ​တွေ​ကြောင့်​ ဒုက္ခသည် ၇ ​သောင်း​လောက် ခိုလှုံ​နေရသလို အစိုး​ရနဲ့​ ​ဆွေး​နွေး​ပွဲ​တွေဟာလည်း​ ​အောင်မြင်မှုမရ​သေး​ပါဘူး​။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up