DVB Logo
Home
မြန်မာသတင်း
မမှန်သတင်း​ပေး​မှုဖြင့်​ တရား​စွဲခံ​နေရသည့်​ ဦး​ဥာဏ်ဝင်း​အမှု ဒုတိယ​နေ့​အဖြစ် ကြား​နား
DVB
·
July 6, 2012
မမှန်သတင်း​ပေး​မှုဖြင့်​ တရား​စွဲခံ​နေရသည့်​ ဦး​ဥာဏ်ဝင်း​အမှု ဒုတိယ​နေ့​အဖြစ် ကြား​နား
Donate to DVB

ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်က အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ မန်​နေဂျာ ဦး​ဥာဏ်ဝင်း​အ​ပေါ် မမှန်သတင်း​ပေး​မှုနဲ့​ စွဲထား​တဲ့​အမှုကို ​နေပြည်​တော် ဇဗ္ဗူသီရိမြို့​နယ် တရား​ရုံး​မှာ ဒီ​နေ့​ ဒုတိယအကြိမ် ကြား​နာခဲ့​ပါတယ်။

အဲဒီရုံး​ချိန်း​မှာ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ​ကော်မရှင်ဘက်က တင်ပြတဲ့​ တရား​လိုပြ သက်​သေ ၁ ဦး​ကို စစ်​ဆေး​ခဲ့​ပါတယ်။ တတိယ ရုံး​ချိန်း​ကို ဇူလိုင် ၁၇ ရက်​နေ့​ ထပ်မံချိန်း​ဆိုထား​ပြီး​ ကျန်တဲ့​ တရား​လိုပြသက်​သေ​တွေကို စစ်​ဆေး​မယ်လို့​ ​ရှေ့​နေ ဦး​ကျော်ဟိုး​က ဆိုပါတယ်။

“ဒီအမှုက တရား​လို​တွေ၊​ တရား​လိုပြသက်​သေ​တွေကို စစ်​ဆေး​ပြီး​မှ ဦး​ဥာဏ်ဝင်း​ကို စစ်မှာ။ တရား​လိုပြ သက်​သေ​တွေက ၉ ​ယောက်ရှိတယ်​လေ။ ပြီး​မှ ဦး​ဥာဏ်ဝင်း​ကို စစ်မယ်။ ပြီး​မှ ဦး​ဥာဏ်ဝင်း​ဘက်က သက်​သေ​တွေကို စစ်မယ်။”

အမျိုး​သား​ဒီမိုက​ရေစီ အဖွဲ့​ချုပ်ဘက်ကလည်း​ တရား​လိုပြသက်​သေ​တွေရဲ့​ ထွက်ဆိုချက်​တွေ​ပေါ်မှာ မူတည် ​ချေပသွား​ဖို့​ သက်​သေ​တွေကို ပြင်ဆင်ထား​တယ်လို့​ ဆိုပါတယ်။

ဒီ​နေ့​ထုတ် နိုင်ငံပိုင် သတင်း​စာ​တွေမှာလည်း​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင်က အန်အယ်လ်ဒီပါတီအ​ပေါ် တရား​စွဲခဲ့​တဲ့​ အ​ကြောင်း​အရင်း​တွေနဲ့​ပတ်သက်ပြီး​ သတင်း​ထုတ်ပြန်ထား​ပါတယ်။

သတင်း​ထုတ်ပြန်ချက်ထဲမှာ ကြား​ဖြတ်​ရွေး​ကောက်ပွဲ ကာလတုန်း​က ဆန္ဒမဲ လက်မှတ်​တွေမှာ ဖ​ယောင်း​သုတ်လိမ်း​မှု​တွေ ရှိခဲ့​တယ်လို့​ အန်အယ်လ်ဒီပါတီရဲ့​ တင်ပြချက်ဟာ မှန်ကန်မှု မရှိတဲ့​အ​ကြောင်း​၊​ သတင်း​စာရှင်း​လင်း​ပွဲ ပြုလုပ်​ပေး​ဖို့​နဲ့​ ဂျာနယ်​တွေမှာ ထည့်​သွင်း​ပေး​ဖို့​ ​ဖော်ပြထား​ပါတယ်။

ဒါ့​အပြင် ကြား​သိရတဲ့​ သတင်း​အ​ပေါ် စိစစ်မှုမရှိဘဲ အ​ရေး​ယူဖို့​ ​ကော်မရှင်ကို တင်ပြခဲ့​တာကို ပြန်လည်ရုပ်သိမ်း​ဖို့​နဲ့​ ​တောင်း​ပန်ဖို့​ အ​ကြောင်း​ကြား​ခဲ့​ပေမယ့်​ အန်အယ်လ်ဒီပါတီဘက်က ငြင်း​ပယ်ခဲ့​တာ​ကြောင့်​ ဥပ​ဒေနဲ့​အညီ တရား​စွဲဆိုခဲ့​တာဖြစ်တယ်လို့​ ​ဖော်ပြထား​ပါတယ်။

ဒီအ​ပေါ်ကို ဦး​ဥာဏ်ဝင်း​က “ဥပ​ဒေအရ လုပ်တာပါလို့​ ပြည်သူလူထုကို အခုမှ သတိ​ပေး​တာက ကျ​နော်တို့​လည်း​ စဉ်း​စား​စရာ ဖြစ်​နေတယ်။ အဲဒီ​တော့​ ဒါဟာ ဖိအား​ပေး​ခြင်း​လား​လို့​ စဉ်း​စား​စရာ ဖြစ်​နေတယ်။ ဒါက သူတို့​ပဲ သိမှာပဲ​လေ။ ကျ​နော်တို့​က အဲဒီသတင်း​စာမှာ ပါတာကိုလွန်ခဲ့​တဲ့​ ၅ မိနစ်ကမှ ​တွေ့​တယ်။ တရား​ရုံး​ကထွက်လာ​တော့​မှ။ အဲဒီ​တော့​ တခုလုံး​ကို ရိုး​ရိုး​ကြည့်​လိုက်ရင်​တော့​ သူတို့​ လုပ်တာက ဥပ​ဒေအရပါလို့​၊​ ဥပ​ဒေနဲ့​ အညီပါလို့​ ထုတ်​ဖော်​ကြေညာတာ​ပေါ့​။ အဲဒီလို ​ပြောလို့​ရပါတယ်” လို့​ ဆိုပါတယ်။

အမျိုး​သား​ဒီမိုက​ရေစီအဖွဲ့​ချုပ် (အန်အယ်လ်ဒီ) ပါတီရဲ့​ ​ရွေး​ကောက်ပွဲ​အောင်နိုင်​ရေး​ မန်​နေဂျာ ဦး​ဥာဏ်ဝင်း​ဟာ ကြား​ဖြတ်ကာလအတွင်း​ မဲဆန္ဒနယ် ၁၀ ခု​လောက်မှာ မဲလက်မှတ် ဖ​ယောင်း​သုတ်မှု​တွေရှိခဲ့​ပြီး​ ဒါကို စစ်​ဆေး​ အ​ရေး​ယူ​ပေး​ဖို့​ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲကျင်း​ပ​ရေး​ ​ကော်မရှင်ကို တင်ပြ တိုင်ကြား​ခဲ့​တာ ဖြစ်ပါတယ်။

ဒီအ​ပေါ်ကို ​ကော်မရှင်က အထူး​စုံစမ်း​စစ်​ဆေး​ရေး​အဖွဲ့​ ဖွဲ့​စည်း​စစ်​ဆေး​ပြီး​ ဖ​ယောင်း​သုတ်မှုမရှိဘဲ စာရွက်သား​ ညံ့​ဖျင်း​မှုသာ​တွေ့​ရှိခဲ့​တယ်လို့​ ဆိုပြီး​ တိုင်ကြား​ခဲ့​တဲ့​ ဦး​ဥာဏ်ဝင်း​ကို တရား​စွဲဆိုခဲ့​တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013