DVB Logo
Home
အာရှဒေသ
ရဲရင့်သော ပါကစ္စတန် ပါမောက္ခ
DVB
·
July 6, 2012
Donate to DVB

ဗိသုကာပညာနဲ့ ပတ်သက်ပြီး ရဲရင့်တဲ့ဆု ပေးအပ်ချီးမြှင့်တာ ရှိမယ်ဆိုရင်တော့ ပါမောက္ခ ပါဗစ်ဇ် ရှာဟင်း (Pervaiz Shaheen) က ဆုတံဆိပ်အများကြီး ချီးမြှင့်ခံရဖို့ ထိုက်တန်ပါတယ်။ သူနေထိုင်တဲ့ ပါကစ္စတန် ဆွပ်တောင်ကြားနဲ့ ပတ်သက်ရင်တော့ သူက အဖိုးထိုက်တဲ့ ဗဟုသုတ ဟင်းလေး အိုးကြီးပါ။ ဒါပေမယ့်လည်း အဲဒီတောင်ကြားကို နှစ်ပေါင်းများစွာထိန်းချုပ်ထားတဲ့ ပါကစ္စတန် တာလီဘန်တွေက လေ့လာသင်ယူတာကို ချစ်တဲ့ သူ့ကို ပစ်မှတ်တခုလို သဘောထားခဲ့ပါတယ်။

သူကလည်း လက်နက်ကိုင်အဖွဲ့ကို ရင်ဆိုင်ပြီးတော့ သူရဲ့ ဘ၀တလျှောက်လုံး လုပ်လာခဲ့တဲ့ စာကြည့်တိုက်ကို ကာကွယ်ဖို့ ကြိုးစားပါတယ်။ အခုတော့ လက်နက်ကိုင် အဖွဲ့တွေ မရှိတော့ပေမယ့် သူမရှိရင် စာအုပ်တွေကို စောင့်ရှောက်မယ့် သူမရှိတော့မှာကို အသက်အရွယ်ရလာတဲ့ ပါမောက္ခက ပူပန်နေပါတယ်။ ဒီအကြောင်းကို သူရဲ့ခိုလှုံရာ စာကြည့်တိုက်ကနေပြီး မူဒါဆာရှာ(Mudassar Shah)က သတင်းပေးပို့ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013