DVB Logo
Home
မြန်မာသတင်း
ထိုင်းရွာသား ၇၀ ကျော် မြန်မာဘက်က ဖမ်းဆီးထား
DVB
·
July 6, 2012
Donate to DVB

ထိုင်းနိုင်ငံသား ၇၀ လောက်ကို မြန်မာမြေထဲမှာ ကျူးကျော်မှုနဲ့ မြန်မာဘက်က ဖမ်းဆီးထားတယ်လို့ ထိုင်း အစိုးရ တာဝန်ရှိသူတွေက ထုတ်ဖော်ပြောကြားလိုက် ပါတယ်။

ထိုင်းနိုင်ငံ ရနောင်းခရိုင် ခရာဘူရီမြို့နယ်နယ်စပ် မြန်မာမြေထဲမှာ  ထိုင်းရွာသားတွေက တရားမ၀င် ၀င်ရောက်ပြီး နေအိမ်တွေ ဆောက်၊ ရွာသစ်တည်တဲ့အတွက် ဖမ်းခံခဲ့ရတာလို့ ဘန်ကောက်ပို့စ် သတင်းစာမှာ ဖော်ပြပါတယ်။

အဖမ်းခံထားရသူတွေဟာ ဘေးကင်း လုံခြုံမှုရှိတဲ့အကြောင်းနဲ့ သူတို့ကိုတော့ မြန်မာဘက်က တရားစွဲဆိုတာတွေ မရှိသေးဘူးလို့ ထိုင်း ဒု-၀န်ကြီးချုပ် ယုသာ ဆတ်ခ် ဆာဆီပရာပ (Yutthasak Sasiprapa)က ဒီနေ့ ထိုင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။

ဖမ်းဆီးခံထားရတဲ့ ထိုင်းတွေကို ကူညီပေးနိုင်ဖို့ ထိုင်း စစ်တပ်နဲ့ အာဏာပိုင်တွေက မြန်မာ အာဏာပိုင်တွေကို ဆက်သွယ်ဖို့ ကြိုးစားနေတယ်လို့ ပြောပါတယ်။

အစောပိုင်း ထိုင်းသတင်းတွေမှာတော့ မြန်မာစစ်တပ် ဖမ်းထားတဲ့ ထိုင်းရွာသား  အရေအတွက်ဟာ ၅၀၀ ကနေ ၈၀၀ အကြား ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။

ထိုင်း ဒု-၀န်ကြီးချုပ်ကတော့ ထိုင်းအစိုးရအနေနဲ့ မြန်မာအစိုးရနဲ့ ပဋိပက္ခ မဖြစ်လိုတဲ့အကြောင်း ဒီနေရာဟာ နှစ်နိုင်ငံ ရွာသားတွေ ပုံမှန်ဝင်ထွက် သွားလာနေတဲ့ နေရာဖြစ်ပြီး ဒီကိစ္စ ညှိနှိုင်းဖြေရှင်းနိုင်မယ် လို့ ယုံကြည်တဲ့ အကြောင်းလည်း ပြောကြားခဲ့ပါတယ်။

ဒီသတင်းနဲ့ ပတ်သက်ပြီး  မြန်မာအာဏာပိုင်ဆီက သီးခြား အတည်ပြုချက်ရဖို့ ဒီဗွီဘီက ကြိုးစားနေပေ မယ့်  ဆက်သွယ်လို့ မရသေးပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013