Home
မြန်မာသတင်း
သမ္မတဦးသိန်းစိန် ထိုင်းနိုင်ငံကို ၃ ရက်ကြာ လာရောက်မည်
DVB
·
July 6, 2012
မြန်မာသမ္မတ ဦးသိန်းစိန်ဟာ ထိုင်းနိုင်ငံကို လာမယ့်  ဇူလိုင် ၂၂ ကနေ ၂၄ ရက်ထိ ၃ ရက်ကြာ  ချစ်ကြည်ရေး ခရီး လာရောက်လည်ပတ်မှာ ဖြစ်တဲ့အကြောင်း ထိုင်း ဒု-၀န်ကြီးချုပ်က ဒီနေ့ အတည်ပြု ကြေညာလိုက်ပါတယ်။ ထိုင်း ဒု-၀န်ကြီးချုပ် ယုသာဆတ် ဆာဆီပရာပက  မြန်မာ သမ္မတ ဦးသိန်းစိန်ဟာ ဘန်ကောက်မြို့ကို ဇူလိုင် ၂၂ ရက်နေ့ကနေ ၂၄ ရက်အထိ အသေအချာလာမှာ ဖြစ်တဲ့အကြောင်း၊ သူ့ကို ကြိုဆိုပြင်ဆင်မှုတွေ လုပ်ဖို့ ထိုင်းအစိုးရအနေနဲ့ ဒီနေ့ညနေပိုင်းမှာ အစည်းအဝေးကျင်းပဖို့ ရှိတယ်လို့ သတင်းထောက်တွေ ကို ပြောကြားခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ပြီးခဲ့တဲ့ မေလကုန်က ဘန်ကောက်မြို့မှာ ကျင်းပတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို တက်ရောက်ဖို့ စီစဉ်ခဲ့တဲ့ ခရီးစဉ်ကို ပထမအကြိမ် ရွှေ့ဆိုင်းခဲ့ပါတယ်။ နောက်တခါ  ဇွန် ၄ ရက်နေ့မှာ သွားရောက်ဖို့ ထပ် စီစဉ်ခဲ့ပေမယ့်လည်း ဒုတိယအကြိမ် ထပ်ရွှေ့ဆိုင်းခဲ့ပါတယ်။ မြန်မာ အစိုးရပိုင် မီဒီယာတွေမှာတော့  ရခိုင်ပြည်နယ်မှာ အရေးပေါ် အခြေအနေ ကြေညာထားရတဲ့ အတွက် သမ္မတရဲ့ ထိုင်းနိုင်ငံ ခရီးစဉ်ကို ရွှေ့ဆိုင်းခဲ့ရတာလို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024