ဘဏ်ကတ်များ ယာယီသုံးစွဲနိုင်မည်မဟုတ်ဟု MPU အသိပေး
DVB
·
June 20, 2018
ပြုပြင်ထိန်းသိမ်းတာတွေလုပ်မှာ ဖြစ်လို့ ဇွန် ၂၀ရက် ဒီနေ့ညကနေ မနက်ဖြန်မနက်အထိ ဘဏ်တွေရဲ့ ကြိုတင်ငွေဖြည့်ကတ်တွေ သုံးလို့ရမှာ မဟုတ်ဘူးလို့ Myanmar Payment Union - MPU က အသိပေးထားပါတယ်
ဒီနေ့ ဇွန်လ ၂၀ ရက် ည ၁၁ နာရီခွဲကနေ မနက်ဖြန် မနက် ၄ နာရီအချိန်အထိ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်မယ်လို့ ဆိုပါတယ်။
ဒီအချိန်အတွင်းမှာ MPU အဖွဲ့ဝင် ဘဏ်ကတ်တွေ, Japan Credit Breau MPU-JCB ကတ်၊ CB Co-Branded Credit Card MPU-UPI ကတ်တွေနဲ့ ငွေထုတ်နိုင်တဲ့ စက်တွေ၊ ငွေရှင်းစက် POS တွေနဲ့ E-commerce ဝန်ဆောင်မှုတွေ သုံးလို့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။