ဘဏ်ကတ်များ ယာယီသုံးစွဲနိုင်မည်မဟုတ်ဟု MPU အသိပေး

ပြုပြင်ထိန်းသိမ်းတာတွေလုပ်မှာ ဖြစ်လို့ ဇွန် ၂၀ရက် ဒီနေ့ညကနေ မနက်ဖြန်မနက်အထိ ဘဏ်တွေရဲ့ ကြိုတင်ငွေဖြည့်ကတ်တွေ သုံးလို့ရမှာ မဟုတ်ဘူးလို့ Myanmar Payment Union - MPU က အသိပေးထားပါတယ် ဒီနေ့ ဇွန်လ ၂၀ ရက် ည ၁၁ နာရီခွဲကနေ မနက်ဖြန် မနက် ၄ နာရီအချိန်အထိ ပြုပြင်ထိန်းသိမ်းမှုတွေ လုပ်မယ်လို့ ဆိုပါတယ်။ ဒီအချိန်အတွင်းမှာ MPU အဖွဲ့ဝင် ဘဏ်ကတ်တွေ, Japan Credit Breau MPU-JCB ကတ်၊  CB Co-Branded Credit Card MPU-UPI ကတ်တွေနဲ့ ငွေထုတ်နိုင်တဲ့ စက်တွေ၊ ငွေရှင်းစက် POS တွေနဲ့ E-commerce ဝန်ဆောင်မှုတွေ သုံးလို့ရမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up