ဆယ်တန်းအောင်မြင်ခဲ့သည့် အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့် မျှော်လင့်
ပြည့်ဖြိုးကျော်
·
June 20, 2018
အခုနှစ်မှာ တက္ကသိုလ်ဝင် ဆယ်တန်းစာမေးပွဲကို အောင်မြင်အောင် ဖြေဆိုနိုင်ခဲ့တဲ့ အကျဉ်းသားအများစုဟာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာဖို့ မျှော်လင့်နေတယ်လို့ ပြောပါတယ်။
ရန်ကုန်အင်းစိန်အကျဉ်းထောင်မှာ ဇွန်လ ၁၉ရက်က ကျင်းပတဲ့ ဆယ်တန်းအောင် အကျဉ်းသားကျောင်းသားတွေအတွက် ဂုဏ်ပြုပွဲမှာ ပြောကြားလိုက်တာပါ။
အင်းစိန်အကျဉ်းထောင်ကနေ အခုပညာသင်နှစ်မှာ ဆယ်တန်းအောင်ကျောင်းသား ၁၉ ဦးရှိပြီးတော့ နှစ်ဘာသာနဲ့ သုံးဘာသာဂုဏ်ထူးရှင်တဦးစီပါဝင်ပါတယ်။
အင်းစိန်အကျဉ်းထောင်ဟာ ဆယ်တန်းကျောင်းသားအပါအဝင် အခြေခံပညာ ကျောင်းသားတွေကို စာသင်ကြားပေးနေတာ လေးနှစ်ရှိနေပါတယ်။