တယောက်လျော့ ကိုလံဘီယာကို ဂျပန်အသင်း ၂ ဂိုး ၁ ဂိုးဖြင့်နိုင် (ရုပ်သံဟိုက်လိုက်)

ကမ္ဘာ့ဖလား အုပ်စု အိတ်ခ်ျ ပွဲစဉ်အဖြစ် ဂျပန်နဲ့ ကိုလံဘီယာတို့ မနေ့ညက ယှဉ်ပြိုင်ရာ ဂျပန်က တယောက်လျော့ ကိုလံဘီယာကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပွဲအစ ၃ မိနစ်လောက်မှာပဲ ကိုလံဘီယာ ကွင်းလယ်ကစားသမား ဆန်းချက် လက်ထိဘောကြောင့် အထုတ်ခံရပြီး ပယ်နယ်တီပါ ပေးလိုက်ရပါတယ်။ အဲဒီပယ်နယ်တီကို ဂျပန်ကွင်းလယ်ကစားသမား ကာဂါဝါက သွင်းယူပါတယ်။ ဒီနေ့ပွဲမှာ တယောက်လျော့ ကိုလံဘီယာအသင်းကို ဂျပန်တို့ ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။ ကိုလံဘီယာအတွက် ချေပဂိုးကို ၃၉ မိနစ်မှာ ကွင်တယ်ရိုက သွင်းယူပါတယ်။ နောက်ပိုင်းမိနစ်တွေမှာ ကိုလံဘီယာက နာမည်ကြီးကစားသမား ဂျိမ်းစ်ရိုဒရီဂွက်ဇ်ကို ထုတ်သုံးသွားပါတယ်။ ဂျပန်အတွက် အနိုင်ဂိုးကို ၇၃ မိနစ်မှာ အိုဆာကိုက သွင်းယူခဲ့ပြီး ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ်လည်း အိုဆာကို သတ်မှတ်ခြင်း ခံရပါတယ်။ ဂျပန်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တောင်အမေရိက အသင်းတွေကို ပထမဆုံး အနိုင်ရတဲ့ အာရှအသင်းအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ ဒီအုပ်စုက ဒုတိယပွဲစဉ်အဖြစ် ဂျပန်နဲ့ ဆီနီဂေါ၊ ပိုလန်နဲ့ ကိုလံဘီယာတို့ ဇွန်လ ၂၄ ရက်ေန့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up