ဂျင်းကောင်မြင့်မြတ်နှင့် ရွှေမှုန်ရတီ အတွဲညီညီသရုပ်ဆောင်ထားသည့် ရုပ်ရှင်ကား-ငဒူ(နမူနာ)
DVB
·
June 18, 2018
ဂျင်းကောင်လို့ ပရိသတ်တွေက ချစ်စနိုးခေါ်ကြတဲ့ သရုပ်ဆောင်မင်းသား မြင့် မြတ်ပါဝင်တဲ့ ရုပ်ရှင်ကားသစ်တကားကို လာမယ့် ဇွန်လ ၂၉ ရက်နေ့မှာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားထဲမှာတော့ သူ့ကို ထူးခြားတဲ့ ဇာတ်ကောင် ခပ်နုံနုံ၊ ခပ်အအ ဇာတ်ကောင် ငဒူအဖြစ် ရှုစားကြရမှာ ဖြစ်ပြီး ဒီရုပ်ရှင်ကားကိုတော့ အောင်တိုင်းကျော်ရုပ်ရှင်ထုတ်လုပ်ရေးက စီစဉ်တင်ဆက်လိုက်တာပါ။
ဓနုတ်ကိုကိုဇော်ရဲ့ ဇာတ်လမ်းကို ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်က ရိုက်ကူး ပုံဖော်ထားတဲ့ ဒီကားထဲမှာတော့ မြင့်မြတ်နဲ့အတူ နာမည်ကြီးသရုပ်ဆောင်တွေ ဖြစ်တဲ့ မင်းဦး၊ ရွှေမှုန်ရတီ၊ နန်းဆုဦးတို့ကပါ အတွဲညီညီနဲ့ ပါဝင်ထားကြတာ ဖြစ်ပါတယ်။
“ဦးနှောက်ကြီးပြီး နှလုံးသားမကြီးရင် ရက်စက်တတ်တယ် ဦးနှောက်မကြီးပဲ နှလုံးသားကြီးလွန်းရင်လည်း နုံသွား အသွားတတ်တယ်”
ဒီပြောစကား ဒိုင်ယာလော့ခ်တွေနဲ့အတူ ကမ်းခြေရွာကလေးတရွာမှာ ပုံဖော်ရိုက် ကူးထားတဲ့ ရုပ်ရှင်ကားထဲမှာတော့ ရိုးသားဖြူစင်ပြီး ချစ်စရာကောင်းတဲ့ မိဘမဲ့ဇာတ် ကောင်တယောက်အဖြစ် ဘယ်လိုသရုပ် ဆောင်ထားသလဲဆိုတာကိုတော့ မကြာခင်မှာ ရှုစားကြရတော့မှာ ဖြစ်ပါတယ်။
မြင့်မြတ်ဟာ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုကို အမှောင် တွေရွာချတဲ့မိုးတိမ် ဇာတ်ကားနဲ အကောင်းဆုံး အမျိုးသားဇာတ်ပို့ဆုကို ရရှိထားပြီး အားပေးချစ်ခင်တဲ့ ပရိသတ်များစွာရှိထားသူတဦးဖြစ်ပါတယ်။
ရွှေမှုန်ရတီဟာလည်း ငယ်ရွယ်ပြီး ပီပြင်တဲ့ သရုပ်ဆောင်မှုတွေကြောင့် ပရိသတ်တွေကြားမှာ ရေပန်းစားတဲ့ အနုပညာရှင်တဦးဖြစ်တာမို့ ဒီရုပ်ရှင်ကားကို ပရိသတ်တွေက စောင့်မျှော်နေ ကြတာ ဖြစ်ပါတယ်။