Home
အနုပညာ
မိုရီဆာကီဝင်း၏ ဓာတ်ပုံစာအုပ် ဂျပန်တွင် စတင်ရောင်းချ
ဇော်ဇော်လှိုင်
·
June 17, 2018
ဟောလိဝုဒ်သရုပ်ဆောင်နဲ့ ဂျပန်အဆိုတော်မိုရီဆာကီဝင်း မြန်မာပရိသတ်အခေါ် အ၀င်း ရဲ့ ပထမဦးဆုံး ဓာတ်ပုံအလှနဲ့ အင်တာဗျူးတွေပါဝင်တဲ့စာအုပ်ကို ဂျပန်နိုင်ငံ တိုကျိုမြို့ မှာ ဇွန်လ ၁၇ ရက်နေ့ က ပရိသတ် ၁၀၀၀ ကို လက်မှတ်ထိုးပေးကာ စတင်ဖြန်ချိခဲ့ပါတယ်။ လက်မှတ်ထိုးဖြန့်ချိပွဲကို ဝေးလံလှတဲ့ ဂျပန်နိုင်ငံတ၀ှမ်းက ဂျပန်လူမျိုးတွေနဲ့ ဂျပန်ရောက် မြန်မာလူငယ်တွေ အချိန်ပေးတန်းစီပြီး လာရောက်ဝယ်ယူအားပေးကြတာကို တွေ့ရပါတယ်။ စာအုပ်လာရောက်ဝယ်သူ မသက်မှူးညီညီကတော့ အ၀င်းက ဖော်ရွေစွာ ဆက်ဆံပြီး မြန်မာလို နှုတ်ဆက်ပြောဆိုခွင့်ရလို့ လာရတာ အရမ်းဝမ်းသာမိတယ်လို့ ဆိုပါတယ်။ မြန်မာလူမျိုးအနုပညာရှင် တယောက်အနေနဲ့ အခုလို ဂျပန်မှာသာမက နိုင်ငံတကာကိုပါ တိုးဖောက်နိုင်လို့ ဂုဏ်ယူဝမ်းသာမိတယ်လို့လည်း ဒီဗွီဘီကို ထပ်မံပြောပြခဲ့ပါတယ်။ ဂျပန်ဘာသာနဲ့ ရိုက်နှိပ်ထားတဲ့ ဟောလိဝုဒ်အတွေ့အကြုံများ အပါအ၀င် ငယ်စဉ်ဘ၀ အကြောင်းအရာတွေ စုံလင်စွာပါရှိပြီး မြန်မာပရိသတ်အတွက်လည်း မြန်မာလိုရိုက်နှိပ်ဖို့ ကြိုးစားတိုက်တွန်းသွားမယ်လို့ မိုရီဆာကီဝင်းက ဒီဗွီဘီကို ပြောကြားသွားပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024