ကက်ရှ်မီးယားကို ပိုင်းခြားစီးဆင်းနေတဲ့ မြစ်
DVB
·
July 5, 2012
ကမ္ဘာပေါ်မှာ အချိန်အကြာဆုံး နယ်မြေအငြင်းပွားမှုဖြစ်နေတဲ့ ဒေသတခုကတော့ အိန္ဒိယနဲ့ ပါကစ္စတန် ၂ နိုင်ငံကြားက ကက်ရှ်မီးယားပါပဲ။ ကက်ရှ်မီးယားကို ပိုင်းခြားစီးဆင်းနေတဲ့ နီလွမ်မြစ်ကို ဖြတ်သန်း ခရီးသွားဖို့ဆိုတာဟာလဲ ခွဲခွာနေကြရတဲ့ မိသားစုတွေအတွက် မဖြစ်နိုင်စရာပါ။ အခါအားလျော်စွာပဲ မီတာ ၆၀ ဝေးကွာနေတဲ့ မြစ်တဖက်တချက်မှ မိသားစုတွေဟာ တဦးနဲ့တဦး တွေ့ဆုံနိုင်ဖို့ ကြိုးစားရင်း မြစ်ဆီကို အတူစုရုံး ရောက်ရှိလာကြပါတယ်။
အေးရှားကောလင်း သတင်းထောက် နာအီးမ် ဆာဟိုတာရာက ဒီရှားရှားပါးပါး ဖြစ်ရပ်ဆီ သွားရောက် သတင်းရယူထားတဲ့အကြောင်း နားဆင်ရမှာပါ။