Home
မြန်မာသတင်း
ချင်းမိုင်တွင် မြန်မာရွှေ့ပြောင်းအလုပ်သမတဦး ဘတ်သန်း ၃၀ ဖိုး ထိုင်းထီပေါက်
DVB
·
June 17, 2018
မနေ့က ထိုင်းထီဖွင့်ပွဲ ပထမဆု ပေါက်ဂဏန်းမှာ ၂၂၃၁၃၁ ဖြစ်ပြီး နံပါတ်တူ လက်မှတ် ၅ စောင်ထိုးထားတဲ့ ချင်းမိုင်ရောက် မြန်မာနိုင်ငံသား ရွှေ့ပြောင်း ရှမ်းအလုပ်သမတဦး တစောင်ကို ဘတ် ၆ သန်းကျ ၅ စောင်ဖိုးအတွက် ဘတ်သန်း ၃၀ ဆွတ်ခူးသွားပါတယ်။ အဆိုပါ အမျိုးသမီးမှာ ချင်းမိုင်ခရိုင် ဆန်ဆိုင်းမြို့နယ် မဲ့ဖက်ရပ်ကွက်ရှိ စက်ရုံတရုံက အလုပ်သမတဦးဖြစ်ပြီး ပတ်စ်ပို့နဲ့ အလုပ်သမားကတ်ရှိ သူမရဲ့သမီးဖြစ်သူ နန်းဆောင်ဝမ်ယင်း (အသက် ၂၆) နှစ်ရဲ့ အမည်နဲ့  မနေ့က မဲ့ဖက် ရဲစခန်းမှာ လာရောက်သတင်းပို့ အကြောင်းကြား ထားတယ်လို့ မဲ့ဖက်ရဲစခန်း တာဝန်ရှိသူတဦးက သတင်းထောက်ကို ပြောပါတယ်။ သူတို့သားအမိ ၂ ဦးမှာ ချင်းမိုင်ဖရထတ်ဒွိုင်ခမ်းဘုရားတောင်မှာ အမြဲလို သွားရောက်ဖူးမျှော်ပြီး ဘုရားပေါ်က ထီသည်ဆီမှာ ထီအမြဲဝယ်ယူခဲ့သလို ထီပေါက်ပါစေလို့လည်း အမြဲဆုတောင်းခဲ့ကြောင်း၊ အဆိုပါ ပေါက်ဂဏန်းပါ ထီလက်မှတ် ၅ စောင်ကိုလည်း ဒွိုင်ခမ်းဘုရားကနေပဲ ၀ယ်ယူခဲ့ကြောင်း၊ သူတို့မှာ စက်ရုံတရုံမှာ တစ်နေ့ ဘတ် ၃၀၀ နဲ့ နေ့စား အလုပ်လုပ်နေရသူတွေမို့ အခုလိုဘတ်သန်း ၃၀ ပေါက်တော့ ၀မ်းသာမဆုံးဖြစ်ရပြီး အရင်ဆုံး အလှူအတန်းလုပ်မယ်လို့ သတင်းထောက်ကို ပြောပါ တယ်။ ကိုးကား -  chiangmainews / khaosod
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024