Home
မြန်မာသတင်း
စည်ပင်သာယာရေး ကော်မတီများတွင် အမျိုးသမီးပါဝင်နှုန်း နည်းပါးနေမှု အဖြေရှာရန် အကြံပြု
DVB
·
June 17, 2018
စည်ပင်သာယာရေးကော်မတီ ရွေးကောက်တင်မြှောက်ခြင်းဆိုင်ရာ စာတမ်းငယ်များ မိတ်ဆက်ပွဲ အခမ်းအနားကို New Myanmar Foundation ကနေ Orchid Hotel မှာ ဇွန်လ ၁၆ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ စည်ပင်ရွေးကောက်ပွဲဆိုင်ရာ စာတမ်းထဲမှာ ရန်ကုန်၊ မန္တလေး၊ မကွေးတိုင်းဒေသကြီးနဲ့ ရှမ်းပြည်နယ်ဘက်က ဒေသခံအရပ်ဘက်လူမှု အဖွဲ့အစည်းတွေရဲ့အသံတွေ၊ ရွေးကောက်ပွဲ ဆိုင်ရာနိုင်ငံတကာစံချိန်စံညွှန်းတွေ၊ နိုင်ငံတော်ရဲ့မူဝါဒစတာတွေကို အခြေခံပြီး ပြည်ထောင်စု အဆင့် မူဝါဒချမှတ် သူတွေ၊ ပြည်နယ်နဲ့တိုင်းဒေသကြီးအဆင့် မူဝါဒချမှတ်သူတွေနဲ့ ပါဝင်ပတ် သက်သူတွေဆီကို ပေးပို့ဖို့အတွက် အကြံပြုချက်တွေကို ဖော်ပြထားတယ်လို့ New Myanmar Foundation ကပြောပါတယ်။ ဒီအထဲမှာ စည်ပင်သာယာရေးဆိုင်ရာကိစ္စတွေမှာ မြန်မာနိုင်ငံလူဦးရေရဲ့ ထက်ဝက် ကျော်မှာရှိတဲ့ အမျိုးသမီးထုကြီးနဲ့ သက်ဆိုင်တဲ့ ကိစ္စတွေကများတဲ့အတွက် စည်ပင်သာယာရေး ကော်မတီတွေထဲမှာ အမျိုးသမီးပါဝင်မှုနည်းပါးနေတာကို အဖြေရှာပေးသင့်တယ်လို့ New Myanmar Foundationက ဒီနေ့အခမ်းအနားမှာ အဓိကထားပြီး အကြံပြုသွားပါတယ်။ New Myanmar Foundation ကို ၂၀၁၄ ခုနှစ်ကစပြီး စည်ပင်သာယာ ရေး ကော်မတီ ရွေးကောက်ပွဲတွေကို စောင့်ကြည့်တဲ့လုပ်ငန်းတွေ ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024