နိုင်ငံခြားရောက် မလေးများ စာတိုက်မှ မဲပေးခွင့် ကြန့်ကြာမည်ကို စိုးရွံ့
DVB
·
July 3, 2012
ရွေးကောက်ပွဲကို အချိန်မရွေးလုပ်ဖို့အတွက် မလေးရှားအစိုးရက အသင့်ဖြစ်နေပါပြီ။ အဲဒီအတွက် ရေခြားမြေခြား ရောက်နေတဲ့ မဲပေးခွင့်ရှိတဲ့ မလေးလူမျိုး ၇ သိန်းလောက်ဟာ မဲမပေးရမှာကို ပူပန်နေကြပါတယ်။ ဘာလို့လဲဆိုတော့ မလေးရှားမှာ လက်ရှိ အချိန်အထိ အချိန်ပြည့်ကျောင်းသားတွေ၊ မလေးရှား အရပ်ဘက်နဲ့ စစ်ဘက်က ၀န်ထမ်းတွေကပဲ စာတိုက်ကနေတဆင့် မဲပေးပိုင်ခွင့်ရှိနေလို့ ဖြစ်ပါတယ်။ တခြား မဲပေးချင်တဲ့သူတွေ ကတော့ ရွေးကောက်ပွဲနေ့မှာ နေရပ်ကို ပြန်ရမှာ ဖြစ်ပါတယ်။ မလေးရှားက ကျွမ်းကျင်သူတွေကတော့ သူတို့ မဲပေးခွင့် အခွင့်အရေးကို တောင်းဆိုနေပါတယ်။
ဒီအကြောင်းနဲ့ ပတ်သက်ပြီးတော့ သြစတြေးလျ ရေဒီယို သတင်းထောက် ဆူမီရှာနိုင်ဒူက (Sumisha Naidu) က သတင်းပေးပို့ထားပါတယ်။ အသံဖိုင်မှာ နားဆင်နိုင်ပါပြီ။