မိုးသည်းထန်မှုကြောင့် မော်လမြိုင်တွင် အကြီးအကျယ် ရေလွှမ်းမိုးနေ (ရုပ်သံ)
DVB
·
June 17, 2018
မနေ့ညက မိုးသည်းသည်ထန်ထန်ရွာပြီးနောက်ပိုင်း ဒီနေ့ မနက်အစောပိုင်းက စလို့ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တခုလုံးနီးပါး ရေကြီးနေပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ကိုဘိုဘိုဝင်းက “တမြို့နယ်လုံးနီးပါးကြီးနေတာပါ။ မနက် ၃ နာရီလောက်က စပြီးရေတက်လာတာပါ။ အခုကျနော်တို့က တောင်ဝိုင်းကို ရောက်နေပါတယ်။ ဒီမှာက ရေထဲဆင်းလို့မရဘူး။ ရေစီးသန်တယ်၊ နက်တယ်။ လူတရပ်စာလောက်မြုပ်ပါတယ်။ လှေတွေနဲ့ပဲသွားလာပြီး လူတွေကို ကယ်ထုတ်နေတာပါ။ ဒီမှာ ၃၅၀ လောက် ကယ်ထုတ်ဖို့ လုပ်နေပါတယ်” လို့ ပြောပါတယ်။
အခုအချိန်ထိတော့ ပျောက်ဆုံး၊ ဒဏ်ရာရ စာရင်းမသိရသေးဘူးလို့လည်း သူက ပြောပါတယ်။
မြို့ပေါ်ရပ်ကွက်တွေလည်း ရေနစ်မြုပ်နေပြီး အဝေးပြေးလမ်းတွေလည်း ပြတ်တောက်နေတယ်လို့ ဒေသခံနဲ့ ကယ်ဆယ်ရေး အဖွဲ့တွေက ပြောပါတယ်။
ရုပ်သံ - bo win