DVB Logo
Home
မြန်မာသတင်း
ဇိုမီး​တိုင်း​ရင်း​သား​ပါတီ တည်​ထောင်ရန် ခွင့်​ပြုချက်ရ
DVB
·
July 5, 2012
ဇိုမီး​တိုင်း​ရင်း​သား​ပါတီ တည်​ထောင်ရန် ခွင့်​ပြုချက်ရ
1 / 2
Donate to DVB
ချင်း​ပြည်နယ်က ဇိုမီး​တိုင်း​ရင်း​သား​ ပါတီတခုဖြစ်တဲ့​ ဇိုမီး​ဒီမိုက​ရေစီအဖွဲ့​ချုပ် (Zomi Congress for Democracy)ကို ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က ဇူလိုင် ၅ ရက်​နေ့​ ​နေ့​စွဲနဲ့​ ပါတီတည်​ထောင်ခွင့်​ ပြုလိုက်ပါတယ်။ ပါတီတည်​ထောင်ခွင့်​ရပြီး​တဲ့​နောက် ရက် ၃၀ အတွင်း​မှာ ပါတီမှတ်ပုံတင်ခွင့်​ ​လျှောက်ထား​ရမှာ ဖြစ်တဲ့​အတွက် ပါတီတည်​ထောင်လိုသူများ​ အား​လုံး​ပါဝင်တဲ့​ အစည်း​အ​ဝေး​တရပ် အမြန်ဆုံး​ခေါ်ယူပြီး​ ပါတီဗဟို​ကော်မတီဝင်နဲ့​ အလုပ်အမှု​ဆောင် အဖွဲ့​ဝင်​တွေကို ​ရွေး​ချယ်ရမယ်လို့​ ပါတီ​ပြောခွင့်​ရ ပူး​ကမ်လမ်ခုပ်က ​ပြောပါတယ်။ ဇိုမီး​ဒီမိုက​ရေစီအဖွဲ့​ချုပ်ပါတီဟာ မူရင်း​ပါတီအမည်​ဟောင်း​ဖြစ်တဲ့​ ဇိုမီး​အမျိုး​သား​ကွန်ဂရက် ဆိုတဲ့​အမည်နဲ့​ ပါတီတည်​ထောင်ခွင့်​ ​လျှောက်ထား​ခဲ့​ရာမှာ ပြည်​ထောင်စု ​ရွေး​ကောက်ပွဲ ​ကော်မရှင်က ဇိုမီး​ဆိုတဲ့​အမည် မြန်မာနိုင်ငံ တိုင်း​ရင်း​သား​အမည်​တွေထဲမှာ မပါဝင်ဘူး​ဆိုတဲ့​ အ​ကြောင်း​ပြချက်နဲ့​ ငြင်း​ပယ်ခဲ့​ပြီး​ အမည်သစ် ၃ ခုကို အဆိုပြု​ပေး​ခဲ့​တယ်။ ဒါ​ပေမယ့်​ ဇိုမီး​ပါတီဘက်က ဇိုမီး​ဟာ မြန်မာနိုင်ငံ ချင်း​ပြည်နယ်ထဲမှာ ​ရှေး​ကတည်း​က ​နေထိုင်လာခဲ့​တဲ့​ ​ဒေသခံ တိုင်း​ရင်း​သား​တွေဖြစ်​ကြောင်း​ အ​ထောက်အထား​တွေနဲ့​ ပြန်ပြီး​ တင်ပြခဲ့​တဲ့​အတွက် အခုလို ပါတီတည်​ထောင်ခွင့်​ ကျလာတာလို့​ ပါတီ​ပြော​ရေး​ဆိုခွင့်​ရှိသူ ပူး​ကမ်လမ်ခုပ်က ​ပြောပါတယ်။ ဇိုမီး​အမျိုး​သား​ ကွန်ဂရက်ပါတီကို ၁၉၈၈ ခုနှစ် ​အောက်တိုဘာလ ၂၄ ရက်​နေ့​မှာ စတင် ထူ​ထောင်ခဲ့​ပြီး​ ၁၉၉၀ ​ရွေး​ကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့​ပါတယ်။ အဲဒီ​နောက်ပိုင်း​ နိုင်ငံ​ရေး​ပြဿနာ​ကြောင့်​ ပါတီရုပ်သိမ်း​ခံခဲ့​ရတယ်။ သမ္မတ ဦး​သိန်း​စိန် ဦး​ဆောင်တဲ့​ အစိုး​ရသစ်​ပေါ်​ပေါက်လာပြီး​ နိုင်ငံ​ရေး​ အကျဉ်း​သား​တွေ လွှတ်​ပေး​တာ၊​ ပါတီစုံဒီမိုက​ရေစီစနစ် ထူ​ထောင်ဖို့​ ကြိုး​စား​လာတဲ့​အတွက် အခုလို ပါတီထူ​ထောင်ခွင့်​ ပြန်တင်ခဲ့​တာဖြစ်ပါတယ်။ တရား​ဝင်အလုပ်အမှု​ဆောင် ​ရွေး​ကောက်တင်​မြှောက်ခြင်း​မပြုခင် အခု​လော​လောဆယ် ပါတီဥက္ကဋ္ဌ အဖြစ် ပူကျင့်​ရှင်း​ထန်၊​ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ အဖြစ် ပူစင့်​ကမ်း​လျန်တို့​က ယာယီ​ဆောင်ရွက်​နေပါတယ်။

မြန်မာနိုင်ငံမှာ ချင်း​(ဇိုမီး​) တိုင်း​ရင်း​သား​လူဦး​ရေ​ပေါင်း​ ၃ သိန်း​လောက်ရှိပြီး​ ချင်း​ပြည်နယ် တွန်း​ဇံ၊​ တီး​တိန်၊​ မတူပီ၊​ ကျီခါး​ စတဲ့​မြို့​နယ်​တွေမှာ အများ​ဆုံး​ ​နေထိုင်ကြတယ်လို့​ ဇိုမီး​ပါတီက ​ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013